လတိုင်း ဝင်ငွေနဲ့ထွက်ငွေမလုံလောက်တာကို ဖြေရှင်းဖိုအတွက် နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။
⭕️ ဘာလို ၁၀% လျှော့ချသင့်ပါသလဲ?
ပမာဏနည်းသည့်အတွက် စုရတာ ဖိစီးမှုမဖြစ်ခြင်း
သေးငယ်တဲ့ပြောင်းလဲမှုက ကြီးမားတဲ့ရလဒ်ကို ဖြစ်စေပါတယ်
မလိုအပ်တဲ့ အသုံးစရိတ်တွေကို သတိထားမိလာစေပါတယ်
တစ်ပတ်အတွင်း စုဆောင်းနိုင်တဲ့ငွေကို မျက်မြင်တွေ့ရှိရပါမယ်
⭕️ ထိရောက်အောင်ဘယ်လိုစလုပ်မလဲ?
အသုံးစရိတ်ကို စာရင်းပြုစုပါ
ဒီတစ်ပတ်အတွက် ဘယ်နေရာမှာ ပိုသုံးမိနေလဲ သိလာနိုင်ပါတယ်။
⭕️ ၁၀% ကိုလျှော့ချဖိုနည်းလမ်းရှာပါ
(ဥပမာ-အပြင်စာတွေ အစား အိမ်မှာချက်စားတာ၊ မဖြစ်မနေမဟုတ်တဲ့ Shopping တွေ လျှော့ချတာမျိုးလုပ်ဆောင်ပါ)
တစ်ပတ်အတွင်းစုဆောင်းနိုင်တဲ့ ငွေကိုသီးသန့်ဖယ်ထားပါ။
တစ်လပြည့်တဲ့အခါ မိမိစုထားတဲ့ ရလဒ်ကိုမြင်ပြီး ကိုယ့်ကို ကိုယ် ယုံကြည်မှု တိုးတက်စေပါတယ်။
✅ ဝင်ငွေနှင့်ထွက်ငွေ မျှပြီး အပိုဝင်ငွေကို ဝန်မလေးဘဲ စုဆောင်းချင်တယ်ဆို ဒီနည်းလမ်းအတိုင်း စမ်းလုပ်ကြည့်ဖို တိုက်တွန်းပါတယ်။