⭕️ ဒီတစ်ခေါက်မှာတော့ ဟာနာရဲ့အသင်းသား၊ မိတ်ဆွေတွေအတွက် ရိတ်သိမ်းချိန်မှာ ငွေစုနိုင်မယ့်နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
ဘာကြောင့် ရိတ်သိမ်းရာသီအလိုက် စုသင့်လဲ❓
စပါးရောင်းရငွေကို တစ်ပြိုင်နက်အပြီးသုံးမိရင် နောက်ရာသီမတိုင်ခင် ငွေကြေးအခက်အခဲဖြစ်တတ်ပါတယ်။
✅ ရာသီအလိုက်စုထားရင် သီးနှံအထွက်နည်းတဲ့ရာသီ၊ ကလေးကျောင်းအပ်ရမယ့် အချိန်တွေမှာ အထောက်ကူဖြစ်စေပါတယ်။
နောက်ရာသီတွေမှာအထောက်ကူဖြစ်စေဖိုအတွက် ဒီနည်းလမ်း (၃)ခုနဲ့စုပါ
✅ ၅၀% – မိသားစုအသုံးစရိတ် (ဆန်၊ ဆီ၊ ဆေး)
✅ ၃၀% – နောက်စိုက်ပျိုးမယ့်ရာသီအတွက် မျိုးစေ့နှင့်မြေဩဇာ
✅ ၂၀% – အရေးပေါ်စုငွေ အနေနဲ့ ဖယ်ထားပြီး စုကြည့်ပါ
⭕️ ဒီလိုမျိုးငွေစုဆောင်းခြင်းဖြင့် တစ်ရာသီပြီး နောက်ရာသီမကူးခင် ကြားကာလတွေမှာ မိသားစုစားဝတ်နေရေးများကို အဆင်ပြေစေပြီး အရေးပေါ်ကိစ္စများအတွက် ကြိုတင်စုဆောင်းထားသလိုမျိုးလည်းဖြစ်စေတဲ့အတွက် အကျိုးရှိတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။
ကဲ..မိတ်ဆွေတိုလည်း အခုမျှဝေပေးတဲ့ နည်းလမ်းတွေကို လိုက်လုပ်ကြည့်ပြီး ဒီထက်ပိုပြီးစုဆောင်းနိုင်သူတွေဖြစ်ဖိုဆုတောင်းပေးပါတယ်။
✅ နောက်ထပ် အကြံပြုချက်များနဲ့ ဗဟုသုတများ သိရှိနိုင်ဖို Hana Microfinance page ကို like and follow လုပ်ထားလိုက်ပါနော်..