
ရေကြီးရေလျှံမှု ဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို အများပြည်သူ ဘေးကင်းရေးအတွက် မျှဝေပေးပါရစေ
✅ဘေးကင်းလုံခြုံရေးကို ဦးစားပေးပါ
⛔️မိမိ ဝင်ရောက်မည့်အဆောက်အအုံကို ဘေးကင်းလုံခြုံကြောင်း အတည်ပြုသည်အထိ မဝင်ရောက်ပါနှင့်။
🧤ရေကြီးရေလျှံမှုကြောင့် စွန့်ပစ်ပစ္စည်းများမှ ထိခိုက်မှု ကာကွယ်နိုင်ရန် လက်အိတ်၊ မျက်နှာဖုံးနှင့် ဖိနပ်များကို ဝတ်ဆင်ပါ။
⚠️ရေကြီးနေသော နေရာများတွင် လမ်းလျှောက်ရာတွင် သတိပြုပါ။ ပြိုကျရန်အန္တရာယ်ရှိသော အရာများ သိုမဟုတ် ဖောက်ထွင်းသွားနိုင်သော ထိခိုက်ရှနာ ဖြစ်စေသည့် ပစ္စည်းများပါရှိနိုင်သည်။
🐍မြွေနှင့် အဆိပ်ရှိသော သတ္တဝါများ၏ အန္တရာယ်ကို ဂရုပြုရန်
🚑မိမိမြိုနယ်ရှိ ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်ဌာနဆိုင်ရာ ဖုန်းနံပါတ်များ ရယူထားပါ
⚠️ကျန်းမာရေးအန္တရာယ်များကို သတိပြုပါ
🫖ရေကိုကြိုချက်၍ သောက်သုံးခြင်း နှင့် တစ်ခါသုံး သောက်ရေသန့်ဘူးများဖြင့်သာ သောက်ရေသောက်သုံးခြင်း ပြုလုပ်ပါ။ .
💧သုံးရေအသုံးပြုရာတွင်လည်း ရေကြီးစဉ် မသန့်ရှင်းသော အရာများ ရောနှောနေနိုင်သဖြင့် ရေတွင်းရေကန်များမှ ရေများ သုံးစွဲခြင်းကို ရှောင်ကြဥ်ပါ
🏥ဝမ်းပျက်ဝမ်းလျှောခြင်း နှင့် အရေးပြားယားယံခြင်းများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို သွားရောက်၍ ကုသမှု ခံယူပါ။
⚠️အိမ်သုံးပစ္စည်းများ ဘေးကင်းလုံခြုံမှု ရှိမရှိသေချာမှ ကိုင်တွယ်ပါ
🔌လျှပ်စစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူက လျှပ်စစ်လိုင်းများကို စစ်ဆေးပြီးမှ လျှပ်စစ်ပစ္စည်းများကို အသုံးပြုပါ။
✅ရေကြီးရေလျှံပြီးသည့် အဆောက်အအုံထဲသို ဘေးကင်းလုံခြုံစိတ်ချရ၍ ပြန်လည်ဝင်ရောက်သည့်အခါ လေဝင်လေထွက်ကောင်းစေရန် ပြတင်းတံခါး နှင့် ဝင်ပေါက်များကို ဖွင့်ထားပါ။
🧤ရေကြီးရေလျှံပြီး၍ မိမိအိမ်သို ပြန်လည်ဝင်ရောက်သည့်အခါ ပရိဘောဂ နှင့် အိမ်သုံး ပစ္စည်းများအား ကိုင်တွယ်ရာတွင် လက်အိတ်များ စွပ်၍ ကိုင်ကာ သန့်ရှင်းရေးသေချာစွာ ပြုလုပ်ပါ။
အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ 🙏
Hana Microfinance ရဲ့ အခြားသော Official Channel များကိုလည်း Join ထားနိုင်ပါတယ်။
Viber Channel > https://bit.ly/hanamicrofinance
Telegram Channel >https://t.me/hanamicrofinance
Linkedin Channel >https://www.linkedin.com/company/hana-microfinance/