(+95) 9-969991119 [email protected]
ရေလွှမ်းမှုအတွင်းတွင် ရှောင်ကြဉ်ရန် နှင့် လုပ်ဆောင်ရန်အချက်များ

Jul 4, 2024 | Insights | 0 comments

ရေလွှမ်းမှုအတွင်းမလုပ်သင့်သည့်အရာများ:

🚗 ရေလွှမ်းနေသောလမ်းများကို မောင်းနှင်ခြင်း

ရေလွှမ်းနေသည့်နေရာများသို မော်တော်ယာဉ် (သို) ဆိုင်ကယ်များဖြင့် ဖြတ်မောင်းခြင်း မပြုလုပ်သင့်ပါ။ ရေစီးကြောင်းများနှင့်အတူ မျောပါသွားနိုင်ပါတယ်


🚶 ရေလွှမ်းနေသောနေရာများတွင် လမ်းလျှောက်ခြင်း
ရေလွှမ်းနေသော နေရာများတွင် မမြင်ရသော မြောင်းပေါက်များ ချောက်များရှိနေနိုင်သည့်အပြင် အဆိပ်ရှိသော မြွေကဲ့သို သတ္တဝါများလည်း ရှိနေနိုင်သဖြင့် ရေလွှမ်းနေသော နေရာများတွင် လမ်းလျှောက်ခြင်း မပြုလုပ်သင့်ပါ။


🔌 လျှပ်စစ်ပစ္စည်းများကို အသုံးပြုခြင်း
သင်ရေစိုနေသည့်အခါ (သိုမဟုတ်) ရေနှင့် ထိတွေ့နေသည့်အခါ လျှပ်စစ်ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်း မပြုလုပ်ပါနှင့်။


🚱 ရေများကို မကြိုချက်ပဲ သောက်သုံးခြင်း
အလုံပိတ်ထားသည့် တခါသုံးရေသန့်ဘူးများမှ သောက်ရေသန့် မဟုတ်ပါက ကြိုချက်၍သာ သောက်သုံးသင့်ပါသည်။ ရေကြီးရေလွှမ်းသည့်အခါ ဓာတုအရည်များ၊ မသန့်ရှင်းသော မိလ္လာများ နှင့် အမှိက်သရိုက်များ နှင့် ရောနှောနေနိုင်သဖြင့် ဘုံဘိုင်ရေပင်ဖြစ်လင့်ကစား အသုံးမပြုသင့်ပါ။

✅ရေလွှမ်းမှုအတွင်းလုပ်ရန်အရာများ:

📻 သတင်းအချက်အလက်များကို နားစွင့်ပါ: ဒေသခံသတင်းများ၊ မိုးလေဝသ ထုတ်ပြန်ချက်များနှင့် အရေးပေါ်အကြောင်းကြားချက်များကို အမြဲမပြတ် စောင့်ကြည့်နေပါ။
🏞 မြေပြင်အမြင့်သို ပြောင်းရွှေ့ပါ: ရေတက်မည့် အခြေအနေမှ ရှောင်ကြဉ်ရန် မြေပြင်အမြင့်ကို ပြောင်းရွှေ့ပါ။
🔒 အိမ်သုံးလျှပ်စစ်အသုံးပြုမှုများကို ပိတ်ပါ: အိမ်သုံးလျှပ်စစ်များကို လုံးဝ အသုံးမပြု့ဘဲ လုံးဝပိတ်ထားပါ။
🏠 အရေးပေါ်အထုပ်တစ်ခုကို ပြင်ဆင်ပါ: ရေ၊ အစားအစာ၊ ဆေးဝါးများနှင့် အရေးကြီးစာရွက်စာတမ်းများကို မိုးရေလုံအောင်စီမံ၍ အိတ်တစ်ခုထဲသို ထည့်ထားပါ။
📱 လူမှုကွန်ယက်မီဒီယာမှ သတင်းအချက်အလက်များကို အသုံးပြုပါ: မိမိဒေသနှင့် သက်ဆိုင်သော အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များကို စောင့်ကြည့်ပါ။ ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်နေသည့် ဖုန်းနံပါတ်များအား ဖုန်းထဲတွင် မှတ်သားထားပါ။
🧓👶 အိမ်နီးချင်းများကိုလည်း စစ်ဆေးပါ: အကူအညီလိုအပ်နိုင်သောသူများ (အထူးသဖြင့် အသက်အရွယ်ကြီးများ၊ မသန်စွမ်းသူများသိုမဟုတ် ကလေးများ)ကို အကူအညီပေးပါ။
🥾 မိမိဘေးကင်းလုံခြုံရေးအတွက်လည်း လုပ်ဆောင်ပါ: အန္တရာယ်ကင်းစေရန် လည်ရှည်ဖိနပ်ကဲ့သိုသော ဖိနပ် နှင့် ဘေးကင်းလုံခြုံစေမည့် အဝတ်အစားများ ဝတ်ဆင်ပါ