(+95) 9-969991119 [email protected]
သင့်ရဲ့ငွေကြေးရည်မှန်းချက်တွေဆီ ဘယ်လိုရောက်အောင်သွားမလဲ

May 7, 2025 | Insights | 0 comments

ငွေကြေးတည်ငြိမ်မှုနဲ့ အနာဂတ်စိတ်ချရမှုကို တည်ဆောက်ချင်ပေမယ့် ဘယ်ကစတင်ရမလဲမသိဘူးဖြစ်နေလား❓

မိတ်ဆွေရဲ့ ငွေကြေးရည်မှန်းချက်တွေကို အမှန်တကယ်အောင်မြင်စွာရောက်ရှိဖို အဆင့် (၃) ဆင့်နဲ မျှဝေပေးချင်ပါတယ်။

📌၁။ ရှင်းလင်းတဲ့ ရည်မှန်းချက်သတ်မှတ်ပါ
ဘယ်လိုငွေကြေးရည်မှန်းချက်ကို ရောက်ချင်တာလဲ? (ဥပမာ – အိမ်တစ်လုံးဝယ်ဖို၊ ကလေးပညာရေးအတွက် စုဖို၊ စီးပွားရေးစတင်ဖို)
ဘယ်လောက်ငွေလိုအပ်သလဲ?
ဘယ်အချိန်အတွင်းမှာ ရောက်ရှိချင်တာလဲ?

📌၂။ ဖြည်းဖြည်းချင်းကနေ စတင်ပါ
နေ့စဉ်/လစဉ် အနည်းငယ်စီ စုဖို အစီအစဉ်ဆွဲပါ။
အပိုဝင်ငွေရှာဖို အခွင့်အလမ်းတွေကို စဉ်းစားပါ။
မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချပါ။

📌၃။ အလေ့အကျင့်ကောင်းတွေမွေးမြူပါ
ဘတ်ဂျက်ချမှတ်ပြီး လိုက်နာပါ။
ငွေစုနည်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာတွေ တိုးပွားအောင်လေ့လာပါ။
လိုအပ်ရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။

⭕️မိတ်ဆွေရဲ့ ငွေကြေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို ဒီနေ့ပဲ စတင်လိုက်ပါ။

မိတ်ဆွေရဲ့အိပ်မက်တွေကို အစစ်အမှန်ဖြစ်လာစေဖို ဟာနာက မိတ်ဆွေနှင့် အမြဲအတူရှိနေပါတယ်။