Hana Microfinance သည် မန္တလေးမြို့၌ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ကျင်းပခဲ့သော Job Nation အလုပ်အကိုင်ပြပွဲကြီးတွင် ပါဝင်ပြသခဲ့ပါသည်။ အဆိုပါပြပွဲတွင် မြန်မာ Microfinance Institute များထဲတွင် ပထမဆုံးအနေဖြင့် Virtual Reality နည်းပညာကို အသုံးပြု၍ ချေးငွေအရာရှိတယောက်၏ တနေ့တာ လုပ်ငန်းစဉ် နှင့် Hana Microfinance Office Tour တို့ကို ပြသခဲ့ပါသည်။ အလုပ်အကိုင် ပြပွဲသို့ အလုပ်အကိုင် လျှောက်ထားလိုသူ လူငယ်များ အများအပြား လာရောက်ခဲ့ကြပြီး VR corner သို့ စိတ်ဝင်တစား လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့ပါသည်။
Hana Microfinance ကုမ္ပဏီသည် ပြောင်းလဲတိုးတက်နေသော ခေတ်နှင့်အညီ ခေတ်မီ နည်းပညာများကို အသုံးပြု၍ လုပ်ကိုင်ဆောင်ရွက်နေသော အသေးစားငွေရေးကြေးရေး ကုမ္ပဏီဖြစ်ပြီး သွက်လက်တက်ကြွ၍ ဆန်းသစ်တီထွင်လိုစိတ်ရှိသူများအား ကြိုဆိုလျှက်ရှိပါသည်။ အနာဂတ်တွင် ဖွင့်လှစ်မည့် ရုံးခွဲအသစ်များအတွက် အလုပ်အကိုင် အများအပြားကိုလည်း ဆက်လက်ခေါ်ယူသွားမည်ဖြစ်သည်။
Hana Microfinance took part in the Job Nation job fair in Mandalay on 10th November. In a first for Myanmar microfinance institutions, the company showcased its Virtual Reality (VR) video “A day in the life of an FO” and an office tour. The job fair was well attended, including the VR corner set up by the company.
As a company implementing modern fintech in Myanmar, we invite innovative and creative jobseekers to apply for our vacancies. We will continue to advertise positions for our future branches.