(+95) 9-969991119 [email protected]

Hana Financial Group အကြောင်း

"အတူတကွကြီးပွားလို့၊ ပျော်ရွှင်မှုတွေ မျှဝေစို့"

Hana Financial Group အကြောင်း

Hana Financial Group Hana Financial Group Inc. သည် ၂၀၀၅ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် အခြေစိုက်သည့် ထင်ရှားသော ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ ကုမ္ပဏီအုပ်စုသည် ဘဏ်လုပ်ငန်း၊ ငွေကြေးရှယ်ယာလုပ်ငန်း၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲမှု၊ အာမခံနှင့် နည်းပညာပိုင်းဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများ အပါအဝင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာ ပေးဆောင်လျက်ရှိသည်။ ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများတွင် Hana Bank၊ Hana Securities Co., Ltd.၊ KEB Hana Card၊ Hana Capital နှင့် Hana Life စသည့် ကုမ္ပဏီများ ပါဝင်သည်။

Hana Financial Group သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် လုပ်ငန်းကွန်ရက်များ လည်ပတ်လျက်ရှိပြီး၊ အာရှ၊ အမေရိက၊ ဥရောပ နှင့် အရှေ့အလယ်ပိုင်းဒေသများတွင် ကြီးမားသော ကုမ္ပဏီလုပ်ငန်းခွဲများ ရှိသည်။ အထူးသဖြင့် ကုမ္ပဏီအုပ်စုသည် တရုတ်၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ်နိုင်ငံများရှိ ဘဏ်များတွင် များစွာသော ရှယ်ယာရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

ရည်မှန်းချက်ဖြစ်သည့် "အတူတကွကြီးပြင်းလို့၊ ပျော်ရွှင်မှုတွေ မျှဝေစို့" ဆိုသည့်အတိုင်းHana Financial Group သည် ရေရှည် တိုးတက်စေရန် နှင့် လူမှုရေးတာဝန်များ ဖြည့်ဆည်းပေးအတွက် ကတိကဝတ် ပြုပါသည်။ ကုမ္ပဏီအုပ်စု၏ မျှော်မှန်းချက် ဖြစ်သည့် "All Connected in Hana Finance" သည် တီထွင်ဆန်းသစ်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ အား လူတိုင်း ရရှိစေရန် ရည်ရွယ်ပါသည်။

customer များ ၊ ဝန်ထမ်းများ၊ အကျိုးစီးပွားသက်ဆိုင်သူများ နှင့် လူ့အဖွဲ့အစည်းတို့အတွက် ပျော်ရွှင်မှု ယူဆောင်လာပေးသည့် ဘဏ္ဍာရေး ကုမ္ပဏီ

Hana Financial Group သည် ဝန်ထမ်းများ၏ ကိုယ်ပိုင်အသိအမြင်ဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ customer များ၏ ပိုင်ဆိုင်မှုနှင့် စီးပွားရေးတိုးတက်မှုကို ကူညီရန်နှင့် အစုရှယ်ယာရှင်များ၏ တန်ဖိုးကို မြှင့်တင်ပေးရင်း လူ့အဖွဲ့အစည်း၏ သာယာဝပြောမှုအတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Hana နှင့် ချိတ်ဆက်နေသော လူတိုင်းအတွက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ

Hana Financial Group သည် customer များ ၊ အကျိုးစီးပွားသက်ဆိုင်သူများ နှင့် လူအဖွဲ့အစည်းအားလုံး၏ လိုအပ်ချက်ဖြစ်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးပမ်း လျှက်ရှိပြီး အားလုံးအတူတကွ ဖွံ့ဖြိုးတိုးတက်စေမည့် ရေရှည်တည်တံ့သော စီမံခန့်ခွဲမှုကို ဆောင်ရွက်ကာ လူမှုတန်ဖိုးများကို အကောင်အထည်ဖော်လျက် ရှိပါသည်။

အာရှ၏ ထိပ်တန်း ဘဏ္ဍာရေးအုပ်စု ဖြစ်လာစေမည့် ရှေ့သို့ ခုန်ပျံကျော်လွှားမှု

Korea Investment Finance အဖြစ် ၁၉၇၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် Hana Bank အဖြစ် ပြောင်းလဲခဲ့ပါသည်။ ထို့နောက် ဘဏ္ဍာရေးအုပ်စု အဖြစ် ၂၀၀၅ တွင် ဖွဲ့စည်းခဲ့ပါသည်။ Hana Financial Group သည် အာရှတွင် အကောင်းဆုံး ဘဏ္ဍာရေးအုပ်စုတစ်ခု ဖြစ်လာရန် ရည်ရွယ်ချက်ဖြင့် customer ဗဟိုပြု၊ ဆန်းသစ်တီထွင်မှုနှင့် အနာဂတ်အတွက် အဆင်သင့်ဖြစ်နေသော စီးပွားရေးပုံစံကို အခြေခံကာ တန်ဖိုးကို အလေးထားသော စီးပွားရေးလုပ်ဆောင်မှုများဖြင့် ကြီးမားသော ခုန်ပျံကျော်လွှားမှုများ ပြုလုပ်လျက်ရှိသည်။

HFG ၏ မျှော်မှန်းချက် နှင့် ရည်မှန်းချက်

HFG ၏ စံတန်ဖိုးများ

Power on Integrity

Hana Financial Group ၏ အဖွဲ့ဝင်များအားလုံးသည် ခိုင်မာပြီး ဖန်တီးနိုင်စွမ်းရှိသော ကုမ္ပဏီယဉ်ကျေးမှုတစ်ခုဖြစ်သည့် "ဟာနာ စိတ်နေစိတ်ထား" ဖြင့် စွမ်းဆောင်ရည်မြှင့်တင်ထားပါသည်။ HFG မိသားစုဝင်များက မျှဝေကျင့်သုံးနေသော အဓိက တန်ဖိုးထားမှုများသည် ကျွန်ုပ်တို့၏ အဖိုးတန်ဆုံးသော ထိတွေ့မြင်နိုင်ခြင်းမရှိသည့် ရတနာများဖြစ်ပြီး ၎င်းသည် HFG ၏ တန်ဖိုးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်ချက်များအတွက် စံနှုန်းတစ်ခုဖြစ်ပါသည်။