ကုမ္ပဏီအကြောင်း

ကုမ္ပဏီအကြောင်း
ဟာနာအကြောင်း
Hana Microfinance ကို ၂၀၁၃ သြဂုတ်လ တွင် စတင်တည်ထောင်၍ လုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။ Hana Capital နှင့် Hana Bankတို့သည် Hana Financial Groupတောင်ကိုရီးယား၏ ဘဏ္ဍာရေးလုပ်ငန်းစု ၏ ကုမ္ပဏီခွဲများဖြစ်ကြပြီး Hana Microfinance ၏ အကြီးဆုံး ရှယ်ယာဝင်များဖြစ်ကြသည်။
ဒစ်ဂျစ်သည်နည်းပညာများကို အသုံးပြုပြီး ဟာနာအသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးရုံသာမက အချိန်ကုန်သက်သာစေပြီး ချေးငွေပြန်လည်ပေးဆပ်မှုကို ပိုမိုလွယ်ကူအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
Hana Microfinance သည် မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ချေးငွေဝန်ဆောင်မှုများဖြင့်ပံ့ပိုးပေးရန် အာရုံစိုက်လုပ်ဆောင်လျက်ရှိပါသည်။ ငွေရေးကြေးရေးဝန်ဆောင်မှုများကိုပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုနှင့်နေပြည်တော်ပြည်ထောင်စုနယ်မြေတို့တွင် ဝန်ထမ်းပေါင်း၁,၅၀၀ ကျော်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
%
၁။ Hana Capital Co., Limited (ရှယ်ယာအချိုး - ၇၅%)
Hana Capital Co., Ltd သည် Hana Microfinance Limited ၏ အဓိက ရှယ်ယာရှင် ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ ကုမ္ပဏီသည် မော်တော်ကား၊ အသုံးပြုပြီး ကားများအတွက် ငွေကြေးထောက်ပံ့မှု၊ ချေးငွေ၊ နှင့် ပေးချေမှုအရစ်ကျဝန်ဆောင်မှုများ၊ အိမ်ချေးငွေ၊ နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ IT ပစ္စည်းများ၊ နှင့် စက်ကိရိယာများအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ စသည့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ Hana Capital Co., Ltd သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် အခြေစိုက်သည်။ ကုမ္ပဏီကို ၁၉၈၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Hana Financial Group Inc. ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု အဖြစ် လည်ပတ်လျက်ရှိသည်။
ဟာနာ ကပ်ပီသည်ကုမ္ပဏီလီမိတက်သည် တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့တွင် အခြေစိုက်ပါသည်။ ကုမ္ပဏီကို ၁၉၈၇ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Hana Financial Group ၏လက်အောက်ခံကုမ္ပဏီတစ်ခုအဖြစ်
လည်ပတ်လျက်ရှိပါသည်။Hana Capital သည် အင်ဒိုနီးရှားနိုင်ငံတွင် PT. Sinarmas Hana Finance (SHF) ကို တည်ထောင်ခဲ့ပြီး၊ အဓိကရှယ်ယာရှင်အဖြစ် ၅၅% ပိုင်ဆိုင်ထားပါသည်။
%
၂။ Hana Bank (ရှယ်ယာအချိုး - ၂၅%)
Hana Bank ၏ရုံးချုပ်သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ရုံးချုပ်အဖြစ်တည်ရှိပါသည်။ Exchange Bank အဖြစ် ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားငွေကြေး လဲလှယ်မှုအကြီးဆုံးလုပ်ငန်းတစ်ခုအဖြစ်ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ထောက်ပံ့ပေးလျက်ရှိပါသည်။