REACT with Integrity
"သမာသမတ်ကျကျ ပြုမူဆက်ဆံပါ" သည် Hana Microfinance ၏ ကျင့်ဝတ်နှင့်အညီပြုမူခြင်း နှင့် ဆုံးဖြတ်ချက်ချခြင်းတို့၏ လမ်းညွှန်ဖြစ်သည့် စံတန်ဖိုးများအပေါ် ထားရှိသည့် သိန္နိဌာန်ကို ထင်ဟပ်စေပါသည်။ ၎င်းတို့သည် အခြားသူများအပေါ် လေးစားသမှုနဲ့ ပြုမူ ဆက်ဆံရန် အရေးကြီးပုံ ၊ အကောင်းဆုံး လုပ်ဆောင်ရန်၊ မိမိလုပ်ရပ်များအား တာဝန်ခံယူမှုရှိစေရန်၊ ပြုမူဆောင်ရွက်မှုအားလုံးတို့သည် ယုံကြည်ထိုက်စေရန်တို့ကို အလေးပေးဖော်ပြခြင်း ဖြစ်ပါသည်။ အဆိုပါ ကိုယ်ကျင့်တရားများသည် သမာသမတ်ကျခြင်းရဲ့ အခြေခံဖြစ်ပြီး Hana Microfinance ၏ တန်ဖိုးများ၊ ယုံကြည်မှု တည်ဆောက်ခြင်း ၊ ကျင့်ဝတ်နှင့်ညီသော တာဝန်ခံမှု နှင့် အပြန်လှန်လေးစားသည့် ယဉ်ကျေးမှု စသည် အပြုအမူများသည် တသတ်မှတ်တည်း ဖြစ်ကြောင်း သေချာစေပါသည်။

Respect - လေးစားမှုဖြင့် ဆက်ဆံခြင်း
အသင်းသားများ၊ လုပ်ဖော်ကိုင်ဖက်များ နှင့် လူ့အဖွဲ့အစည်းတိုင်းကို ရိုးရိုးသားသား၊ မျှမျှတတ နှင့် နားလည်မှုရှိရှိ ဆက်ဆံပါသည်။ မတူကွဲပြားသော အမြင်များအား ပါဝင်စေပြီး တန်ဖိုးထားခြင်းကို တက်ကြွစွာ အားပေးသည်။

Excellence - အကောင်းဆုံးလုပ်ဆောင်ခြင်း
တမူထူးခြားတဲ့ ဝန်ဆောင်မှု နှင့် ဖြေရှင်းမှုများ ပေးအပ်ရန် ကတိကဝတ်သည် ဦးစားပေးဖြစ်သည်။ စဉ်ဆက်မပြတ်တိုးတက်နေခြင်း နှင့် တီထွင်ဖန်တီးနေမှုများသည် အသင်းသားများ နှင့် အကျိုးစီးပွား သက်ဆိုင်သူများကို မြှင့်တင်ပေးနိုင်သော ထူးထူးခြားခြား ရလဒ်များရရှိစေရန် တွန်းအားပေးပါသည်။

Accountability - ဝာာဝန်ယူမှုတာဝန်ခံမှုရှိခြင်း
လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များအတွက် တာဝန်ယူမှုကို ပွင့်လင်းမြင်သာစွာဖြင့် လက်ခံဆောင်ရွက်ပါသည်။ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကို အသိအမှတ်ပြု၍ ဖော်ပြခြင်းဖြင့် အသင်းသားများ၊ မိတ်ဖက်များနှင့် လူမှုအသိုင်းအဝိုင်းက ယုံကြည်အပ်နှံထားသော ယုံကြည်မှုကို ထိန်းသိမ်းထားပါသည်။

Collaboration - ပူးပေါင်းဆောင်ရွက်ခြင်း
စုပေါင်းလုပ်ဆောင်မှု နှင့် ခိုင်မာသော မိတ်ဖက်ပြုလုပ်ခြင်းသည် ဘုံ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိစေရန် အတွက် အဓိကကျပါသည်။ ပံ့ပိုးကူညီခြင်း နှင့် စိတ်ကူးစိတ်သန်းများ မျှဝေခြင်း ပတ်ဝန်းကျင်သည် စိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းစေပြီး အဓိပ္ပါယ်ရှိတဲ့ ရလဒ်များကို ထွက်ပေါ်လာစေပါသည်။

Trustworthiness - ယုံကြည်စိတ်ချရခြင်း
သမာသမတ်ကျခြင်း၊ ယုံကြည်စိတ်ချရခြင်း နှင့် ရိုးသားခြင်းတို့သည် ဆက်ဆံရေးတိုင်း၏ အခြေခံဖြစ်ပါသည်။ ကတိကဝတ်များသည် အသင်းသားများ၊ မိတ်ဖက်များ နှင့် အကျိုးစီးပွားသက်ဆိုင်သူများ၏ ယုံကြည်ချက်ကို တသတ်မှတ်တည်း ထိန်းသိမ်းထားပါသည်။