CSR
"အတူတကွကြီးပွားလို့၊ ပျော်ရွှင်မှုတွေ မျှဝေစို့"
CSR
လူမှုအကျိုးပြုလုပ်ငန်းတာဝန်များ
Hana Microfinanceကပတ်ဝန်းကျင်၊လူမှုရေးရာနှင့်အုပ်ချုပ်မှု (ESG) အပေါ်အခြခံပြီးလုပ်ကိုင်ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့ရဲ့ CSRလှုပ်ရှားမှုတွေကို ကြည့်လိုက်မယ်ဆိုရင် ကမ္ဘာကြီးအတွက်ဘယ်လိုကောင်းမွန်မှုတွေကိုယူဆောင်လာပေးနေသလည်းဆိုတဲ့ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုတွေကတစ်ဆင့်ခံစားသိရှိနိုင်ပါသည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

လူမှုစီးပွားဘဝတိုးတက်ရေး

ကောင်းမွန်သောစီမံအုပ်ချုပ်ရေး
Environmental Stewardship
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျှော့ချနိုင်ရန်အတွက်ကျွန်ုပ်တို့ရဲ့လုပ်ငန်းစဥ်တိုင်းမှာပတ်ဝန်းကျင်အားထိခိုက်မှုအနည်းဆုံးပစ္စည်းများအားအသုံးပြုဆောင်ရွက်နေပါသည်။
စက္ကူအသုံးပြုမှုလျှော့ချခြင်း
ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်စေရန်အတွက်စက္ကူများကိုလျော့ချပြီးဒီဂျစ်သည်နည်းပညာအားပိုမိုအသုံးပြုဆောင်ရွက်နေပါသည်။နည်းပညာနှင့် စာရွက်စာတမ်းများ၏ ချိတ်ဆက်လုပ်ဆောင်မှုသည်မလိုလားအပ်သည်များအားလျော့ချပေးနိုင်ရုံသာမကပိုမိုကောင်းမွန်တဲ့ ခေတ်မီစီးပွားရေးပုံစံတစ်ခုအဖြစ်လည်းထောက်ပံ့ပေးနေပါသည်။
Social Empowerment
လူမှုဘဝတိုးတက်ရေး
ကျွန်ုပ်တို့သည်အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကိုဦးစားပေးအဖြစ်ထောက်ပံ့ပေးပါသည်။ကျွန်ုပ်တို့၏အသေးစားငွေရေးကြေးရေးလုပ်ငန်းများ၏ရည်ရွယ်ချက်သည်အခြေခံလူတန်းစားများအားပိုမိုတိုးတက်စေရန်၊အလုပ်ကိုင်အခွင့်လမ်းများဖန်တီးပေးရန်နှင့် ဆင်းရဲခြင်းကိုလျှော့ချနိုင်ရန်အတွက်ဖြစ်ပါသည်။
အားလုံးပါဝင်တဲ့ဘဏ္ဍာရေး
တစ်ဦးတစ်ယောက်ချင်းစီနှင့်အဖွဲ့အစည်းတွေကိုတိုးတက်အောင်လုပ်ဆောင်ရာမှာ ငွေကြေးရဲ့အရေးပါမှုကိုကျွန်ုပ်တို့ယုံကြည်ပါသည်။ ဒါကြောင့်ကျွန်ုပ်တို့အသေးစားငွေစုငွေချေးလုပ်ငန်းများ အနေဖြင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ၊လုပ်ငန်းရှင်များနှင့်စီးပွားရေးအရေးကိစ္စတွေကို ပိုမိုတိုးတက်အောင်မြှင့်တင်ပေးနိင်ဖို့အတွက်ရည်ရွယ်ပါသည်။
Governance Excellence
ကျင့်ဝတ်နှင့်ညီတဲ့ စီးပွားရေးလုပ်ငန်း
လုပ်ငန်းအားရိုးသားစွာဖြင့်ပိုမိုအဆင့်တန်းမြင့်မားအောင်လုပ်ဆောင်ရန်မှာကျွန်ုပ်တို့ရဲ့ စီးပွားရေးဆိုင်ရာကျင့်ဝတ်စည်းကမ်းပဲဖြစ်ပါသည်။ပွင့်လင်းမှန်ကန်မှုရှိတဲ့လုပ်ငန်းစဥ်ဖြစ်ဖို့အတွက်ပုံမှန်စစ်ဆေးမှုများနှင့်အတူတာဝန်ယူမှုတာဝန်ခံမှုရှိပြီးယုံကြည်စိတ်ချမှုရှိဖို့လည်းပါဝင်ပါသည်။
ပွင့်လင်း မြင်သာသော ဆက်ဆံရေး
ရှယ်ယာရှင်များ၏အုပ်ချုပ်ရေးကိစ္စများအားအထောက်ပံ့ပေးနိုင်ရန်အတွက်ပွင့်လင်းရိုးသားမှုရှိသောဆက်သွယ်ရေးပုံစံအားဆက်လက်ထိန်းသိမ်းထားရန်လိုအပ်ပါသည်။ရရှိလာတဲ့တုံ့ပြန်မှုတွေကိုအလေးထားပြီးရှယ်ယာရှင်များနှင့်အတူအုပ်ချုပ်ရေးကိစ္စရပ်တွေကိုပိုမိုတိုးတက်အောင် လုပ်ဆောင်နေပါသည်။
CSR
လူမှုအကျိုးပြုလုပ်ငန်းများ
Blood Donation
On 20.6.2025, in honor of World Blood Donor Day, our...
Hana Microfinance ရဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုများ
We're incredibly proud and excited to announce that Hana...
Hana Financial Group မှ မြန်မာနိုင်ငံရှိ အင်အားပြင်းငလျင်ဒဏ်ခံစားရသူများအတွက် အရေးပေါ်ကူညီမှု အမေရိကန်ဒေါ်လာ ၇၀,၀၀၀ နီးပါး ထောက်ပံ့ကူညီခဲ့
ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်ထောက်ပံ့ငွေအား


