FAQ
မေးလေ့ရှိသော မေးခွန်းများ
ချေးငွေလျှောက်ရင် ဘာတွေ လိုအပ်လဲ
ချေးငွေရယူဖို့ လိုအပ်ချက်တွေကတော့
- အသက် ၁၈ နှစ်မှ ၆၀ အတွင်း
- လုပ်ငန်းလိုင်စင်
- နိုင်ငံသားမှတ်ပုံတင်
- အိမ်ထောင်စု စာရင်း
- -တစ်ဦးချင်းချေးငွေအတွက် မိသားစုမှ ပူးတွဲလျှောက်ထားသူတစ်ဦး နှင့် အာမခံသူတစ်ဦးတို့ လိုအပ်ပါသည်။
အုပ်စုလိုက်ချေးငွေအတွက် ဘာတွေလိုအပ်လဲ
အုပ်စုလိုက်ချေးငွေအတွက် အောက်ပါ အချက်တွေလိုပါသည်။
- အနည်းဆုံး ၃ ယောက်မှ ၅ ယောက် အဖွဲ့ဖွဲ့ရမည် (ကိုယ်နဲ့ စိတ်တူကိုယ်တူရှိပြီး အိမ်ရာ အတည်တကျ နေထိုင်တဲ့သူများဖြစ်ရမည်)
- အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်တာဝန်ခံရမည်
- အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်း
- လုပ်ငန်းလိုင်စင်(သို့)လုပ်ငန်းနှင့်ပတ်သက်တဲ့အထောက်အထား
- နိုင်ငံသားမှတ်ပုံတင်
- အိမ်ထောင်စု စာရင်း
- ချေးငွေပမာဏ ( အနည်းဆုံး၅သောင်းကျပ်မှ အများဆုံး သိန်း ၅၀ကျပ် အထိ ချေးယူနိုင်ပါသည်)
- အသေးစိတ်ကိုတော့ သက်ဆိုင်ရာ မြို့နယ်ရုံးခွဲမှာစုံစမ်းနိုင်ပါသည်။
အုပ်စုလိုက်ချေးငွေကို ဘယ်လိုလူတွေကလျှောက်ထားလို့ရပါလဲ
လက်ရှိမှာ ခိုင်မာသေချာတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်နေသည်ဒါမှမဟုတ် စတင်ဖို့အတွက် ဆန္ဒရှိတဲ့ဘယ်သူမဆိုလျှောက်ထားနိုင်ပါသည်။ အုပ်စုလိုက်ချေးငွေရယူဖို့အတွက်မိမိနှင့် စိတ်တူကိုယ်တူအဖွဲ့ဝင် ၃ ယောက်မှ ၅ ယောက်အထိလိုအပ်ပါသည်။
တစ်ဦးချင်းချေးငွေအကြောင်း ရှင်းပြပေးပါလား
တစ်ဦးချင်းချေးငွေအတွက် အောက်ပါ အချက်တွေလိုပါသည်။
- အသက် ၂၀ နှစ်မှ ၆၀ နှစ်အတွင်း
- အာမခံ (၁)ဦး (စီးပွားရေးလုပ်ငန်းရှိတဲ့သူ)
- အတူပူးတွဲလျှောက်ထားရန် မိသားစုဝင် (၁)ဦး
- လုပ်ငန်းလိုင်စင် ၊လုပ်ငန်းလုပ်ကိုင်ကြောင်းအထောက်အထား
- နိုင်ငံသားမှတ်ပုံတင်
- အိမ်ထောင်စု စာရင်း
- ချေးငွေပမာဏ ( အနည်းဆုံး ၁၀သိန်း ကျပ်မှ အများဆုံး သိန်း ၁၀၀ ကျပ် အထိ ချေးယူနိုင်ပါသည်)
- အသေးစိတ်ကိုတော့ သက်ဆိုင်ရာ မြို့နယ်ရုံးခွဲမှာစုံစမ်းနိုင်ပါသည်။
အတိုးနှုန်းကရောဘယ်လိုရှိပါသလဲ
အတိုးနှုန်းအနေနဲ့က တစ်လလျှင် ၂ကျပ် ၃၃ပြားသာ ဖြစ်ပါသည်။အတိုးနှုန်း တွက်ချက်တဲ့နည်းလမ်းကတော့ လျော့နည်းသွားတဲ့ချေးငွေလက်ကျန်ပေါ်မှာ တွက်ချက်တဲ့ နည်းလမ်း ဖြစ်ပါသည်။ပြန်ဆပ်ရမယ့်ပုံစံကတော့ ၂၈ ရက်တစ်ကြိမ်ပြန်လည်ပေးဆပ်ရတဲ့ ပုံစံဖြစ်ပါသည်။ အသေးစိတ်ကိုတော့ရုံးခွဲမှာ စုံစမ်းနိုင်ပါသည်။
စုဆောင်းငွေနဲ့ပတ်သက်ပြီး ရှင်းပြပေးလို့ရမလား
ဟာနာမှာ အသင်းသားဖြစ်သွားပြီဆိုရင် မဖြစ်မနေစုဆောင်းငွေ(mandatory saving) နဲ့ စိတ်ကြိုက်စုဆောင်းငွေ (voluntary saving) ဆိုပြီး ၂မျိုးရှိပါသည်။ saving တစ်ခုချင်းစီအတွက်တစ်နှစ်လျှင် အတိုးနှုန်း ၁၄% ပေးပါသည်။
ချေးငွေလျှောက်ရင် ဘယ်လောက်ကြာနိုင်လဲ
လူကြီးမင်းထံမှ တောင်းဆိုထားတဲ့ အထောက်အထားစာရွက်စာတမ်းများစုံလင်ပြီဆိုရင် ချေးငွေအတွက် စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ကို လုပ်ဆောင်ပြီးမှသာသင့်တော်တဲ့ ချေးငွေပမာဏကို ချေးပေးမှာ ဖြစ်ပါသည်။အချိန်အားဖြင့် အကြမ်းဖျဉ်း အနည်းဆုံး တစ်လ ဝန်းကျင်ခန့်ကြာမြင့်နိုင်ပါသည်
ဝန်ဆောင်ခ နဲ့ စာရွက်စာတမ်းကြေး တွေက ဘယ်လောက်လဲ
မဖြစ်မနေစုဆောင်းငွေဆိုတာက FRDရဲလမ်းညွှန်ချက်အတိုင်း ချေးငွေပမာဏရဲ့ ၅% ပေါ်မှာစုဆောင်းရျတာဖြစ်ပါသည်။ တစ်နှစ်ကို အတိုး ၁၄ %ရရှိမှာဖြစ်ပါသည်။ အသင်းသားအနေနဲ့ပြန်လည်ထုတ်ယူချင်သည်ဆိုရင် အနည်းဆုံး ၂၈ရက်ကြိုတင်အကြောင်းကြားရမှာဖြစ်ပါသည်။
ပြန်လည်ပေးသွင်းဖို့ အချိန်ကရော
ပြန်လည်ပေးသွင်းဖို့အတွက်က ၃ လ ကနေ ၂၄ လအထိအရစ်ကျစနစ်အနေနဲ့ ပြန်လည်ပေးသွင်းရတာ ဖြစ်ပါသည်။အသေးစိတ်ကိုတော့ ချေးငွေထုတ်ယူသည့်နေ့တွင်ရှင်းပြပေးသွားမှာဖြစ်ပါတဘ်။
အခြားဝန်ဆောင်ခနဲ့ စာရွက်စာတမ်းတွေအတွက် ဘယ်လောက်ပေးရလဲဆိုတာသိချင်ပါသည်
လူမှုထောက်ပံ့ရေးရန်ပုံငွေ ၊ အာမခံနှင့်အခြားဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်များကိုထုတ်ယူသည့်ချေးငွေပမာဏပေါ်မူတည်၍ချေးငွေထုတ်ယူသ့်နေ့တွင် ကောက်ခံသွားမည်ဖြစ်ပါသည်။
အုပ်စုလိုက်ချေးငွေထုတ်ယူဖို့အတွက်လုပ်ငန်းလိုင်စင်လိုအပ်ပါသလား
အုပ်စုလိုက်ချေးငွေအတွက်လုပ်ငန်းလိုင်စင်ကလိုအပ်ပါသည်။ တကယ်လို့လုပ်ငန်းလိုင်စင်မရှိဘူးဆိုရင် လုပ်ငန်းလုပ်ကိုင်ကြောင်းသက်သေပြနိုင်ရပါမယ်။ သက်ဆိုင်ရာရပ်ကွက်၊ မြို့နယ်ရဲ့လုပ်ငန်းထောက်ခံကြောင်းစာကိုသက်သေအဖြစ်အသုံးပြုနိုင်ပါသည်။လုပ်ထုံးလုပ်နည်းများအရ ဟာနာဝန်ထမ်းများမှချေးငွေမထုတ်ယူမီ အိမ်နှင့် စီးပွားရေးလုပ်ငန်းများကိုအတည်ပြုစစ်ဆေးမှာဖြစ်ပါသည်။
တစ်ဦးချင်းချေးငွေထုတ်ယူဖို့အတွက်လုပ်ငန်းလိုင်စင်လိုအပ်ပါသလား
တစ်ဦးချင်းချေးငွေအတွက်လုပ်ငန်းလိုင်စင်ကလိုအပ်ပါသည်။ တကယ်လို့လုပ်ငန်းလိုင်စင်မရှိဘူးဆိုရင် လုပ်ငန်းလုပ်ကိုင်ကြောင်းသက်သေပြနိုင်ရပါမယ်။ သက်ဆိုင်ရာရပ်ကွက်၊ မြို့နယ်ရဲ့လုပ်ငန်းထောက်ခံကြောင်းစာကိုသက်သေအဖြစ်အသုံးပြုနိုင်ပါသည်။လုပ်ထုံးလုပ်နည်းများအရ ဟာနာဝန်ထမ်းများမှချေးငွေမထုတ်ယူမီ အိမ်နှင့် စီးပွားရေးလုပ်ငန်းများကိုအတည်ပြုစစ်ဆေးမှာဖြစ်ပါသည်။
ဟာနာက Online ကနေ ချေးပေးလား
ဟာနာက အွန်လိုင်းကနေ ချေးငွေမချေးပေးပါဘူး။ချေးငွေထုတ်ယူချင်ပါက ဟာနာရုံးခွဲများသို့ကိုယ်တိုင်သွားရောက်ဖို့လိုပါသည်။
FAQ
အုပ်စုလိုက်ချေးငွေနှင့်ဆိုင်တဲ့ မေးခွန်းများ
အုပ်စုလိုက်ချေးငွေမှာ ဘယ်လိုချေးလို့ရပါလဲ
အုပ်စုလိုက်ချေးငွေဆိုတာ အနည်းဆုံး ၃ယောက်မှ ၅ ယောက်အထိ ကို ချေးငွေပေးခြင်း ဖြစ်ပါတယ်။ အုပ်စုထဲတွင် အချင်းချင်း အပြန်အလှန် အာမခံဖို့ လိုအပ်ပါတယ်။ ရရှိနိုင်တဲ့ ချေးငွေပမာဏကတော့ ၅သောင်းကျပ်မှ သိန်း ၅၀ ကျပ်အထိ ဖြစ်ပါတယ်။
အုပ်စုလိုက်ချေးငွေကို ဘယ်လိုလူတွေကလျှောက်ထားလို့ရပါလဲ
လက်ရှိမှာ ခိုင်မာသေချာတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်နေသည်ဒါမှမဟုတ် စတင်ဖို့အတွက် ဆန္ဒရှိတဲ့ဘယ်သူမဆိုလျှောက်ထားနိုင်ပါသည်။ အုပ်စုလိုက်ချေးငွေရယူဖို့အတွက်မိမိနှင့် စိတ်တူကိုယ်တူအဖွဲ့ဝင် ၃ ယောက်မှ ၅ ယောက်အထိလိုအပ်ပါသည်။
အုပ်စုလိုက်ချေးငွေအတွက် ဘာတွေလိုအပ်လဲ
အသက် ၁၈ နှစ်မှ ၆၀ အထိ ဖြစ်ရပါမယ်။ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ပတ်စပို့ပုံ (၂) ပုံ နှင့် အဖွဲ့ဝင်များ နဲ့ တစ်ရပ်ကွက်တည်း နေထိုင်သူ ဖြစ်ရပါမယ်။
လုပ်ငန်းလိုင်စင် လိုအပ်ပါလား
တစ်ဦးချင်းချေးငွေအတွက် လုပ်ငန်းလိုင်စင် လိုအပ်ပြီး အကယ်၍ မရှိပါက ဟာနာဘက်မှ အသင်းသားဆီသို့ကိုယ်တိုင်လာရောက် စစ်ဆေးပါမည်။ ဤနည်းအားဖြင့် လုပ်ငန်းလိုင်စင်မရှိပါက လုပ်ငန်းလုပ်ကိုင်နေကြောင်း သက်သေပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လုပ်ငန်းအတွက် ရပ်ကွက်ထောက်ခံစာအားလည်း သက်သေအဖြစ် အသုံးပြုနိုင်ပါတယ်။ ထို့ပြင် ဟာနာဝန်ထမ်းများမှ လျှောက်ထားသူ၏ အိမ် နှင့် လုပ်ငန်းများသို့ လာရောက်၍ အတည်ပြု လုပ်ငန်းစဉ်များကို ချေးငွေ မချပေးမီ ပြုလုပ်မှာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းသည် သန်းခေါင်စာရင်းရှိတဲ့ မြို့နယ် နဲ့ အတူတူဖြစ်ဖို့လိုပါလား
ပြည်နယ် နှင့် တိုင်းဒေသကြီး အားလုံး (ရန်ကုန်မှ လွဲ၍) လုပ်ငန်းတည်နေရာ နှင့် သန်းခေါင်စာရင်း မြို့နယ် တူညီဖို့ လိုအပ်ပါတယ်
ဘယ်လို ပြန်လည် ပေးဆပ်ရမလဲ
ပြန်လည်ပေးဆပ်မှုအား ၂၈ ရက်လျှင် တစ်ကြိမ် ဟာနာရုံးခွဲများ သို့လည်းကောင်း၊ သို့မဟုတ်Wave Pay, KBZ Pay တို့ကဲ့သို့သော E Wallet များဖြင့်လည်း ပြန်လည် ပေးဆပ်နိုင်ပါတယ်။
ဘယ်လို ပြန်လည်ပေးဆပ်ရပါလဲ
ပြန်လည်ပေးဆပ်ရမည့် ကာလသည် ၃ လမှ ၂၄ လအထိ အမျိုးမျိုး ရှိပါတယ်။ အသေးစိတ် ပြန်လည်ပေးဆပ်ရမည့် အချိန်ဇယားကိုတော့ ချေးငွေရယူပြီးတဲ့အခါ မျှဝေပေးမှာ ဖြစ်ပါတယ်။
ချေးငွေချပေးတဲ့ လုပ်ငန်းစဉ်က ဘယ်လောက်မြန်ဆန်ပါလဲ
အကယ်၍ လိုအပ်တဲ့အချက်အလက်တွေ ပြည့်စုံတယ်ဆိုရင်တော့ ချေးငွေကို တစ်လ အတွင်း ချေးပေးပါတယ်။
ဆွေမျိုးတွေနဲ့ အုပ်စုဖွဲ့လို့ရပါလား
သန်းခေါင်စာရင်း တစ်ခုတည်း အတူတူဆိုရင်တော့ မရပါဘူး
သန်းခေါင်စာရင်းမတူတဲ့ သူတစ်ယောက်က ပူးတွဲလျှောက်ထားသူ အဖြစ် လက်မှတ်ထိုးပေးလို့ရပါလား
မရပါဘူး။ သိရှိကြောင်း လက်မှတ်ထိုးသူသည် ချေးငွေယူမယ့် အသင်းသားနှင့် သန်းခေါင်စာရင်း အတူတူ ဖြစ်ရပါမယ်။
ဝန်ဆောင်ခ နဲ့ စာရွက်စာတမ်းကြေး တွေက ဘယ်လောက်လဲ
Beneficiary Welfare Fund (BWF) or Insurance, other service fees are collected during the loan disbursement and the amount depends on the loan term.
မဖြစ်မနေစုဆောင်းဖို့ လိုအပ်ပါလား။ ဘယ်လောက် စုဆောင်းရမှာလဲ
FAQ
တစ်ဦးချင်းချေးငွေနှင့်ဆိုင်တဲ့ မေးခွန်းများ
တစ်ဦးချင်းချေးငွေဆိုတာဘာလဲ၊ ဘယ်လောက်ချေးယူ လို့ရပါလဲ
တစ်ဦးချင်းချေးငွေအမျိုးအစားသည် မိမိလက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအား တိုးချဲ့လိုသူများအတွက် ထပ်မံတိုးချဲ့နိုင်စေရန်နှင့် ဆက်လက်လည်ပတ်နိုင်စေရန်အတွက် ချေးပေးသော ချေးငွေအမျိုးအစားဖြစ်ပါတယ်။အနည်းဆုံး ၁၀သိန်း ကျပ်မှ အများဆုံး သိန်း ၁၀၀ ကျပ်အထိ ချေးယူနိုင်ပါသည်
တစ်ဦချင်းချေးငွေအတွက် ဘယ်လိုလျှောက်ထားရမလဲ
တစ်ဦးချင်းချေးငွေလျှောက်ထားရန်အတွက် ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ လျှောက်ထားရန်အတွက်ကိုယ်တိုင် ရုံးခွဲသို့ လာရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်။
တစ်ဦးချင်းချေးငွေအတွက် လိုအပ်ချက်တွေက ဘာတွေလဲ
အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်း မြန်မာနိုင်ငံသားဖြစ်ရမည် ဖြစ်ပြီး အိမ်ပိုင်ဆိုင်မှုရှိရပါမယ်။ ကိုယ်ပိုင်လုပ်ငန်းနေရာ သို့မဟုတ် ငှားရမ်းထားသည့်နေရာတွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင် ဖြစ်ရပါမယ်။ လုပ်ငန်း၏ စာရွက်စာတမ်း အထောက်အထားများဖြင့် လျှောက်ထားရပါမယ်။ အတူနေ မိသားစုဝင်တစ်ဦးမှ ပူးတွဲလျှောက်ထားဖို့ လိုအပ်ပြီး ချေးငွေပမာဏ သိန်း ၃၀ နှင့် အထက်အတွက် (မိသားစုဝင် မဟုတ်သူ) ထောက်ခံပေးမည့်သူ (၁) ဦး လိုအပ်ပါတယ်။
လုပ်ငန်းလိုင်စင်လိုအပ်ပါလား
တစ်ဦးချင်းချေးငွေအတွက် လုပ်ငန်းလိုင်စင် လိုအပ်ပါတယ်။ အကယ်၍ လုပ်ငန်းလိုင်စင်မရှိပါက လုပ်ငန်းလုပ်ကိုင်နေကြောင်း သက်သေပြဖို့ လိုပါတယ်။ လုပ်ငန်းလုပ်ကိုင်နေကြောင်း ရပ်ကွက် ထောက်ခံစာအား သက်သေအဖြစ် အသုံးပြုနိုင်ပါတယ်။ ထို့ပြင် ဟာနာဝန်ထမ်းများမှလည်း ချေးငွေလျှောက်ထားသူ၏ နေအိမ် နှင့် လုပ်ငန်းဆီသို့ လာရောက်၍ အတည်ပြုခြင်း လုပ်ငန်းစဉ်များကို ချေးငွေမချေးမီ ပြုလုပ်သွား မှာ ဖြစ်ပါတယ်။
တစ်ဦးချင်းချေးငွေထုတ်ယူဖို့အတွက်လုပ်ငန်းလိုင်စင်လိုအပ်ပါသလား
တစ်ဦးချင်းချေးငွေအတွက်လုပ်ငန်းလိုင်စင်ကလိုအပ်ပါသည်။ တကယ်လို့လုပ်ငန်းလိုင်စင်မရှိဘူးဆိုရင် လုပ်ငန်းလုပ်ကိုင်ကြောင်းသက်သေပြနိုင်ရပါမယ်။ သက်ဆိုင်ရာရပ်ကွက်၊ မြို့နယ်ရဲ့လုပ်ငန်းထောက်ခံကြောင်းစာကိုသက်သေအဖြစ်အသုံးပြုနိုင်ပါသည်။လုပ်ထုံးလုပ်နည်းများအရ ဟာနာဝန်ထမ်းများမှချေးငွေမထုတ်ယူမီ အိမ်နှင့် စီးပွားရေးလုပ်ငန်းများကိုအတည်ပြုစစ်ဆေးမှာဖြစ်ပါသည်။