Learning & Development
မိတ်ဆက်
Learning and development သည် ပြောင်းလဲနေသော အသေးစားငွေရေးကြေးရေး နယ်ပယ်တွင် ရေရှည်တည်တံ့သော တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုအတွက် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် Hana Microfinance Limited တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။
Learning and development ၏ ရည်ရွယ်ချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်
ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် လုပ်ကိုင်နိုင်စွမ်းအား တိုးတက်စေခြင်းဖြင့် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်နှင့် ယှဥ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန်။
ခေါင်းဆောင်မှု အစီအစဉ်များ၊ လမ်းညွှန်ပြသမှုနှင့် ရာထူးဆက်ခံမှု စီမံချက်များမှတစ်ဆင့် အနာဂတ်ခေါင်းဆောင်များ မွေးထုတ်ပေးရန်။
အဖွဲ့အစည်းအတွင်း စဉ်ဆက်မပြတ် လေ့လာသင်ယူမှု ယဉ်ကျေးမှု မြှင့်တင်ရန်။
အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် လေ့လာသင်ယူမှု အခွင့်အလမ်းများတွင် လုပ်ငန်းနယ်ပယ်၏ အကောင်းဆုံး ကုမ္ပဏီ ဖြစ်စေရန်။

Learning & Development
ဝန်ထမ်း စွမ်းဆောင်ရည်
Hana Microfinance သည် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် အဖွဲ့အစည်း၏ အောင်မြင်မှုကို မောင်းနှင်ရန်အတွက် ၎င်း၏ စွမ်းဆောင်ရည် စီမံခန့်ခွဲမှု စနစ် Performance Management System (PMS) ကို မဟာဗျူဟာကျကျ အသုံးပြုပါသည်။ ပြည့်စုံသော PMS ကို အကောင်အထည်ဖော်ခြင်းဖြင့် Hana Microfinance သည် တစ်ဦးချင်းစီ၏ ရည်မှန်းချက်များကို ကုမ္ပဏီ၏ ရည်မှန်းချက်များနှင့် ချိန်ညှိရန်၊ တာဝန်ခံယူမှုနှင့် စဉ်ဆက်မပြတ် တိုးတက်မှု ယဉ်ကျေးမှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
ဤစနစ်သည် ရှင်းလင်းသော စွမ်းဆောင်ရည် မျှော်မှန်းချက်များ သတ်မှတ်ရန်၊ ပုံမှန် တုံ့ပြန်အကြံပြုချက်များ ပေးရန်နှင့် ထူးချွန်သော ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုရန် ရည်ရွယ်ပါသည်။ ပုံမှန် စွမ်းဆောင်ရည် အကဲဖြတ်မှုများမှတစ်ဆင့် ဝန်ထမ်းများသည် ၎င်းတို့၏ အားသာချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရမည့် နယ်ပယ်များအပေါ် တည်ဆောက်သော အကြံပြုချက်များ ရရှိပြီး ၎င်းတို့အား လုပ်ငန်းကျွမ်းကျင်မှု တိုးတက်စေပါသည်။
Hana Microfinance ၏ စွမ်းဆောင်ရည် စီမံခန့်ခွဲမှု စနစ်အပေါ် ကတိကဝတ်ပြုမှုသည် စွမ်းဆောင်ရည်မြင့်မားသော လုပ်သားအင်အား မွေးထုတ်ရန် ၎င်း၏ ဆန္ဒကို အလေးထားဖော်ပြပြီး နောက်ဆုံးတွင် ကုမ္ပဏီ၏ ရေရှည်တည်တံ့သော အောင်မြင်မှုအတွက် အထောက်အကူပြုပါသည်။
ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး
ခေါင်းဆောင်မှု၏ အရေးပါမှုကို အသိအမှတ်ပြုပြီး၊ အစီအစဉ်သည် ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် ကိုယ်ရေးကိုယ်တာ ဖွံ့ဖြိုးတိုးတက်မှုကို စွမ်းဆောင်ရည်မြှင့်တင်ပေးပါသည်။
ခေါင်းဆောင်များအတွက်၊ ဤဆောင်ရွက်မှုသည် အသင်းအဖွဲ့လိုက် ဆောင်ရွက်တတ်ခြင်း၊ ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှု၊ ဆုံးဖြတ်ချက် ချမှတ်ခြင်း နှင့် ခေါင်းဆောင်မှုအရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်သော လေ့ကျင့်သင်ကြားမှုနှင့် အရင်းအမြစ်များကို ပံ့ပိုးပေးပါသည်။
ထိပ်ပိုင်း ခေါင်းဆောင်မှု အဆင့်တွင် အစီအစဉ်သည် မျှော်မှန်းချက်ဖြင့် တွေးခေါ်ခြင်း၊ ဗျူဟာကျကျ စီမံကိန်းရေးဆွဲခြင်း၊ ဆန်းသစ်တီထွင်မှုကို အသားပေးခြင်း၊ နှင့် အဖွဲ့အစည်း၏ ရေရှည်တည်တံ့တဲ့ အောင်မြင်မှုဆီ မောင်းနှင်ခြင်း စသည့် အဆင့်မြင့် ခေါင်းဆောင်မှု ဗျူဟာများကို လေ့လာဆန်းစစ်ပါသည်။
ဤချဉ်းကပ်မှုသည် ခေါင်းဆောင်မှု အရည်အသွေးများကို ရာထူးအဆင့်တိုင်းတွင် မွေးမြူပျိုးထောင်ပေးခြင်းဖြင့် Hana Microfinance ကုမ္ပဏီအတွင်း အပြန်အလှန် အထောက်အကူပြုသော ၊ ပြောင်းလဲနေသော ခေါင်းဆောင်မှု ဂေဟစနစ်တစ်ခု ဖန်တီးပေးပါသည်။

Learning & Development
Employee Engagement
Hana Microfinance သည် သည် မဟာဗျူဟာကျ ဆောင်ရွက်မှုများမှတစ်ဆင့် employee engagement ကို ဦးစားပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်သော လုပ်ငန်းခွင် ယဉ်ကျေးမှုတစ်ခု မွေးမြူပျိုးထောင်ရန် ကတိကဝတ်ပြုထားပါသည်။
အဓိက ချဉ်းကပ်မှု တစ်ချက်အနေနဲ့ ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုကို တိုင်းတာခြင်း၊ အကြုံပြုချက်များရယူခြင်း၊ တိုးတက်ရန် ပြုပြင်ရမယ့် နယ်ပယ်များကို ဖော်ထုတ်ရန်အတွက် စစ်တမ်းများ ကောက်ယူခြင်းများကို ပြုလုပ်ပါသည်။
ထို့အပြင် Hana Microfinance သည် အသင်းစည်းလုံးညီညွတ်မှု၊ လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြုသဘောဆောင်သော လုပ်ငန်းခွင် ပတ်ဝန်းကျင်တစ်ခုကို မြှင့်တင်ရန် ရည်ရွယ်သော လုပ်ဆောင်ချက်အမျိုးမျိုးမှတစ်ဆင့် employee engagement ကို တက်ကြွစွာ မြှင့်တင်ပေးပါသည်။
စစ်တမ်းများမှတစ်ဆင့် အကြံဉာဏ်များကို အစဉ်တစိုက် ရယူခြင်းနှင့် စိတ်ဝင်စားဖွယ်ကောင်းသော လုပ်ဆောင်မှုများး စီစဉ်ပေးခြင်းဖြင့် Hana Microfinance သည် ၎င်း၏ ဝန်ထမ်းများ၏ ကျန်းမာပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုကို တန်ဖိုးထားပြီး ကောင်းမွန်တဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ဖြစ်ပါသည်။
အရည်အချင်းဖွံ့ဖြိုးတိုးတက်ရေး
ကျွန်ုပ်တို့၏ လေ့ကျင့်သင်ကြားရေး ဆောင်ရွက်မှုများသည် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများထက် ကျော်လွန်ပြီး အပြုအမူဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထည့်သွင်းထားသော ဘက်စုံချဉ်းကပ်မှုကို လွှမ်းခြုံထားပါသည်။
အသေးစားငွေရေးကြေးရေး ကဏ္ဍတွင် အောင်မြင်မှုရရှိရန် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကျွမ်းကျင်မှုများ ပေါင်းစပ်မှု လိုအပ်ကြောင်း နားလည်ပါသည်။
ထို့ကြောင့် ကုမ္ပဏီ၏ လေ့ကျင့်သင်ကြားရေး အစီအစဉ်များသည် Team အတွက် လိုအပ်တဲ့ အသိပညာ နှင့် အပြုအမူကောင်းများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။
ကျွန်ုပ်တို့သည် တစ်ဦးချင်း နှင့် အဖွဲ့အစည်းလိုက်ပေါ်တွင် အကျိုးသက်ရောက်မှုများအား တိုင်းတာခြင်း၊ ပြောင်းလဲတဲ့ အပြုအမူများ (behavioral changes) အပေါ် တက်ကြစွာ သုံးသပ်ခြင်းဖြင့် အစီအစဉ်၏ အကျိုးသက်ရောက်ကို အလေးထားပါသည်။
ဤကတိကဝတ်သည် ကျွန်ုပ်တို့၏ ရေရှည်တည်တံ့သော ငွေရေးကြေးရေး ဖြေရှင်းချက်များမှတစ်ဆင့် လူ့အသိုင်းအဝိုင်းများကို စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ကုမ္ပဏီ၏ မျှော်မှန်းချက်နှင့်အညီ လိုက်လျောညီထွေဖြစ်စေပြီး ကျွမ်းကျင်မှုရှိစေရန် သေချာစေပါသည်။
Learning & Development
သင်ယူလေ့လာခြင်း အလေ့အထ
Hana Microfinance သည် ရေရှည်တည်တံ့မည့် ဝန်ထမ်းများ၏ အသိပညာ နှင့် အရည်အသွေးမြှင့်တင်ခြင်းကို ဦးစားပေး လုပ်ဆောင်ပါသည်။ သင်ကြားရေး စနစ်ဖြစ်တဲ့ Learning Management System (LMS)တွင် စဉ်ဆက်မပြတ် သင်တန်းများဖွင့်လှစ်၍ ဌာနပေါင်းစုံမှ ဝန်ထမ်းများ လွယ်ကူ အဆင်ပြေစွာ သင်ယူလေ့လာနိုင်ရေး ဆောင်ရွက်ပါသည်။
တချိန်တည်းမှာပဲ တစ်ဦးချင်းစီအလိုက် သီးသန့်ပြုလုပ်ထားတဲ့ coaching၊ mentoring နှင့် ခေါင်းဆောင်မှုအရည်အသွေးမြှင့်တင်ပေးခြင်းကဲ့သို့သော ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များဖြင့် လိုအပ်နေတဲ့အရည်အသွေးများအား ဖြည့်ဆည်းပေးခြင်းသာမက ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေတဲ့ အလေ့အထကိုပါ မိတ်ဆက်ပေးခဲ့ပါသည်။
ဤကဲ့သို့ ကြိုးစားအားထုတ်မှု အားဖြင့် Hana Microfinance သည် တစ်ဦးချင်းစီ၏ လေ့လာသင်ယူခြင်းသာမက ကုမ္ပဏီတွင်း လေ့လာသင်ယူနိုင်တဲ့ အလေ့အထများအတွက်ပါ ရင်းနှီးမြှပ်နှံထားပါသည်။