Hana ကနေ ကြိုဆိုပါတယ်ရှင်! CHRO အနေနဲ့ ကျွန်မတို့ရဲ့တက်ကြွတဲ့ အဖွဲ့မှာ ပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ သင့်ရဲ့ထူးခြားတဲ့ အရည်အချင်း များနဲ့ စွမ်းပကားတွေနဲ့ပူးပေါင်းပေးမှုက ကျွန်မတို့ရဲ့ ပေါင်းစည်းမှု နဲ့ပူးပေါင်းဆောင်ရွက်မှု၏ စိတ်ဓာတ်အင်အားကိုပိုမိုတိုးမြှင့်ပေးပါတယ်။ “တစ်စိတ်တဝမ်းတည်း၊တစ်သင်းတစ်ဖွဲ့တည်း” စည်းမျဉ်းကို အတူတကွကျင့်သုံးပြီးအဓိပ္ပါယ်ပြည့်ဝတဲ့ သက်ရောက်မှုများကို အတူဖန်တီးကြပါစို့။စိတ်လှုပ်ရှားဖွယ် အချိန်များ ရှေ့မှာ ရောက်ရှိလာပါပြီ။

ဒေါ်သက်ထားဦး
Chief Human Resources Officer
Life At Hana
ဘာကြောင့် ဟာနာ လဲ?
ဟာနာရဲ့ရည်ရွယ်ချက်ကဝန်ထမ်းတိုင်းဟာတစ်ဦးနှင့်တစ်ဦးအပြန်လှန်လေးစားစွာနှင့်အတူပူးပေါင်းဆောင်ရွက်ပြီးအပြုသဘောဆောင်တဲ့လုပ်ငန်းခွင်တစ်ခုဖန်တီးနိုင်ဖို့အတွက်ဖြစ်ပါသည်။နိုင်ငံတကာအဖွဲ့အစည်းတစ်ခုအနေဖြင့်မတူကွဲပြားတဲ့အမြင်တွေ၊ ရည်ရွယ်ချက်တွေကိုနားလည်လက်ခံပြီးအနာဂတ်မှာပိုမိုအောင်မြင်တိုးတက်စေဖို့အတွက်အသုံးပြုတဲ့လမ်းကြောင်းတစ်ခုအနေနဲ့ ရှိနေပါသည်။တူညီတဲ့ လုပ်ငန်းနယ်ပယ်မှာဒစ်ဂျစ်သည်အားဖြင့်ရှေ့ဆောင်ဖြစ်သည်နှင့်အညီ စွမ်းဆောင်မှုအပေါ်အခြေခံသောလုပ်ငန်းခွင်ယဥ်ကျေးမှုကို
ပိုအလေးထားဆောင်ရွက်ပါသည်။
အောင်မြင်မှုကိုအသိအမှတ်ပြုခြင်းနှင့် ဆုပေးခြင်းကလည်းလုပ်ငန်းခွင်အတွင်းပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်စေပါသည်။ဒါကြောင့်ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းကလုပ်ငန်းအောင်မြင်မှုမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါသည်။
ဟာနာကဝန်ထမ်းတိုင်းကို စဥ်ဆက်မပြတ်လေ့လာမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးပြီးရှေ့အနာဂတ်အလုပ်အကိုင်များတွင်လည်းအောင်မြင်မှုရရှိဖို့အတွက်ရည်ရွယ်ပါသည်။အလုပ်ကိုင်အနေနဲ့မဟုတ်ဘဲအခွင်ရေးတစ်ခုအနေနဲ့စိတ်ကူးအကြံဉာဏ်အသစ်တွေနဲ့အတူ
အနာဂတ်ကိုပုံဖော်ချင်သည်ဆိုရင် ဟာနာနှင့်လက်တွဲလိုက်ပါ။



Life at Hana
ကုမ္ပဏီ ယဉ်ကျေးမှု
ဟာနာ မှာ စည်းကမ်းကျနတဲ့ လုပ်ငန်းစွမ်းဆောင်ရည်ဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်မှာ အဓိကကျပြီး အရည်အချင်းပေါ်မူတည်တဲ့ စနစ်ကို အလေးထားပါတယ်။ ကျွန်တော်တို့ဟာ အရည်အသွေးကောင်းများ၊ ဆန်းသစ်တီထွင်မှုနဲ့ စဉ်ဆက်မပြတ် တိုးတက်မှုတွေကို ဦးစားပေးတဲ့ တက်ကြွတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို အလေးထားပါတယ်။ အရည်အသွေးမြင့်တဲ့ ရလဒ်တွေကို အသိအမှတ်ပြုပြီး ဆုချီးမြှင့်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခြင်းအားဖြင့် ကျွန်တော်တို့အဖွဲ့ဟာ မျှော်မှန်းထားတာထက် ကျော်လွန်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဦးချင်းစီရဲ့ ပါဝင်ပံ့ပိုးမှုတွေကို အသိအမှတ်ပြုပြီး တိုးတက်မှုကို အားပေးတဲ့ သင်ယူလေ့လာမှု ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါတယ်။

Life at Hana
Hanarians တွေက ဘာပြောကြလဲ?
အချိန်ပြည့်ဝန်ထမ်းအဖြစ် တိုးတက်အောင်မြင်မှုများ

အချိန်တိုအတွင်းမှာပဲ လူ့စွမ်းအားအရင်းအမြစ်နယ်ပယ်ထဲမှာ HR အလုပ်သင်ကနေ HR Associate အဖြစ် ပြောင်းလဲလာခဲ့တဲ့ အသက်မွေးဝမ်းကျောင်း တိုးတက်မှု ခရီးလမ်းတစ်ခုကို တွေ့မြင်ခဲ့ရပါတယ်။ အလုပ်သင်အနေနဲ့ စတင်ခဲ့ရာကနေ ကျွန်မရဲ့ လေ့လာသင်ယူလိုစိတ်နဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုစိတ်တွေနဲ့ သက်သေပြနိုင်ခဲ့လို့ HR လုပ်ငန်းဆောင်တာတွေရဲ့ မတူညီတဲ့ကဏ္ဍတွေမှာ လုပ်ငန်းတာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုက တဆင့် ဝန်ထမ်းခန့်အပ်ခြင်း၊ အလုပ်စတင်ဝင်ရောက်ခြင်း၊ အလုပ်ထွက်ခြင်း နှင့် ဝန်ထမ်းရေးရာ စီမံမှု ကိစ္စရပ်တွေမှာ တိုးတက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ HR Associate အနေနဲ့ အခုဆိုရင် HR လုပ်ငန်းဆောင်တာတွေမှာ အသေးစိတ်ကျကျ ပါဝင်လုပ်ဆောင်နေပြီး ယခုထက်ပိုမို လုပ်ဆောင်နိုင်အောင် တက်ကြွစွာ ပါဝင်လုပ်ကိုင်နေပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီခရီးလမ်းက ပြီးပြည့်စုံတဲ့ အပြောင်းအလဲတွေနဲ့အတူ ကျွန်မအတွက် ပရော်ဖက်ရှင်နယ် တိုးတက်မှု လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။


