
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄၊ ၂၅ ရက်များတွင် ရန်ကုန်ရှိ Zealax Hotel & Residence တွင် Business Strategy Workshop ကျင်းပပြုလုပ်ခဲ့ပြီး Region 3,4,6,7,8 တို့မှ Regional Managers များ၊ Branch Manager များ၊ Assistant Branch Manager များနှင့် Regional Risk Officer များ အွန်လိုင်းမှသော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း တက်ရောက်ခဲ့ကြပါတယ်။
Workshop ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည်များအား ပြန်လည်သုံးသပ်ဆွေးနွေးခြင်းနှင့်အတူ လာမည့် ၂၀၂၅ ခုနှစ်တွင် ဟာနာ၏ အသင်းသာများအားလုံးအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ဖြစ်ပါတယ်။ Hana Microfinance အနေဖြင့် ဝန်ထမ်းများ development ဖြစ်ရေးအတွက် သက်ဆိုင်ရာ ရာထူးအလိုက် သင်တန်းများ၊ Workshop များအား မကြာခဏ ပြုလုပ်ပေးလေ့ရှိပါတယ်။



