(+95) 9-969991119 [email protected]
Internal Audit Team မှ ရုံးခွဲများသို့သွားရောက်ကာ Audit လုပ်ငန်းစဥ်များအား လုပ်ဆောင်လျှက်ရှိ

Nov 19, 2024 | သတင်း | 0 comments

Hana Microfinance ၏ Disciplined Performance စည်းကမ်းကျနသော လုပ်ငန်းစွမ်းဆောင်ရည် Culture အား လက်တွေ့ကျင့်သုံးသည့်အနေဖြင့် Internal Audit များမှ စည်းမျဥ်းစည်းကမ်းများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်နေခြင်း ရှိ/မရှိ အမြဲမပြတ် စစ်ဆေးဆောင်ရွက်လျှက်ရှိပါတယ်။ ဌာနတွင်း စာရင်းစစ် လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ လွတ်လပ်သော၊ ဘက်လိုက်မှုကင်းသော စစ်ဆေးမှုနှင့် အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်လာစေရန် အကြံဉာဏ်ပေးခြင်း၊ အုပ်ချုပ်မှုစနစ်၊ ဆုံးရှုံးနိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းအတွင်း ထိန်းချုပ်မှုဆိုင်ရာ လုပ်ငန်းများကို အကဲဖြတ် သုံးသပ်ပြီး ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များ ဖြစ်စေရန် ကူညီခြင်း ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ Internal Auditor များမှ လအလိုက် ရုံးခွဲများကို သွားရောက်ကာ Audit နှင့် ပတ်သက်သည့် လုပ်ငန်းစဥ်များအား လုပ်ဆောင်သည့်အပြင် ဝန်ထမ်းများအား နားလည်သိရှိအောင် ရှင်းလင်းပြောကြားခဲ့ပါတယ်။ ယခုနိုဝင်ဘာလ (၇.၁၁.၂၀၂၄) နေ့တွင် မြန်အောင်ရုံးခွဲသို့ မသူဇာအောင် (Regional Internal Auditor)၊ ကိုမင်းကိုအောင် (Junior Internal Auditor) နှင့် မနုနုအေး (Junior Internal Auditor) တို့ သွားရောက်ခဲ့ပြီး၊ ဇလွန်ရုံးခွဲသို့ ကိုအောင်ဇေယျာထွန်း (Regional Internal Auditor)၊ မနှင်းစန္ဒာအောင် (Junior Internal Auditor)နှင့် ကိုအောင်မျိုးထက် (Junior Internal Auditor) တို့ သွားရောက်ကာ Audit လုပ်ငန်းစဥ်များအား လုပ်ဆောင်ခဲ့ပါတယ်။