
တစ်ဦးချင်းချေးငွေဆိုတာကတော့ လက်ရှိလုပ်ငန်းလုပ်ကိုင်နေပြီး မိမိရဲ့လုပ်ငန်းကို အခြေတကျနဲ့ ခိုင်မာချင်တယ်၊ ထပ်မံတိုးချဲ့ဖို စိတ်ကူးရှိတဲ့ မည်သူမဆို အခွင့်လမ်းသစ်တွေဖန်တီးနိုင်ဖိုအတွက် ထုတ်ပေးတဲ့ချေးငွေအမျိုးအစားဖြစ်ပါတယ်။
တစ်ဦးချင်းချေးငွေထုတ်ယူဖိုအတွက် လိုအပ်ချက်အနေဖြင့်
❗️ အတူပူးတွဲလျှောက်ထားသူ (မိသားစုဝင် ၁ ဦး) နှင့် ပြင်ပအာမခံသူတစ်ဦး လိုအပ်ပါတယ်။
❗️ ပြင်ပအာမခံ ပေးမည့်သူသည်လည်း လုပ်ငန်းလိုင်စင်ပြနိုင်ပြီး
❗️ အခြားဝင်ငွေရ (Other Income) လမ်းကြောင်းပြပေးနိုင်သူဖြစ်ရပါမယ်။
ချေးငွေထုတ်ယူဖိုအတွက် လိုအပ်သည့်အချက်များကိုက်ညီပါက ချေးငွေပမာဏ(အနည်းဆုံး ၁၀သိန်းကျပ်မှ အများဆုံး သိန်း၁၀၀ကျပ်) အထိ ချေးယူနိုင်ပါတယ်။ ဒါကြောင့် လက်ရှိစီးပွားရေးကို တိုးချဲ့ပြီးပိုမိုကောင်းမွန်တဲ့ အခွင့်လမ်းကို ဖန်တီးချင်သူများအတွက် တစ်ဦးချင်းချေးငွေက အသင့်တော်ဆုံးပါပဲ။
Hana Microfinance ရဲ့ အခြားသော Official Channel များကိုလည်း Join ထားနိုင်ပါတယ်။
Viber Channel > https://bit.ly/hanamicrofinance
Telegram Channel >https://t.me/hanamicrofinance
Linkedin Channel > https://www.linkedin.com/company/hana-microfinance/