Careers

For brighter opportunities, Join Hana Microfinance!

Home Job Vacancies Job Details
Assistant Branch Manager
Duties & Responsibilities
  • ရုံးခွဲစာရင်းကိုင်မှ ပြင်ဆင်ထားသောရုံးအပိုင် ပစ္စည်းများအား (Fixed Assets Register) စာရင်းတိကျမှု ရှိမရှိ ကြီးကြပ်ကွပ်ကဲစစ်ဆေးရန် နှင့်ရုံးချုပ်မှ ၎င်းစာရင်းတောင်းသောအခါ အချိန်မှီပေးပို့ရန်။
  • ရုံးခွဲ စီမံရေးရာ ဝန်ထမ်းမှ ပြင်ဆင်ထားသောရုံးအပိုင် ပစ္စည်းများအားလုံး (Inventory Register) စာရင်းတိကျမှု ရှိမရှိ ကြီးကြပ်ကွပ်ကဲစစ်ဆေးရန် နှင့် ရုံးချုပ်မှ ၎င်းစာရင်းတောင်းသောအခါ အချိန်မှီပေးပို့ရန်။
  • ကုမ္ပဏီပိုင် ကား/ဆိုင်ကယ် တစ်စီးချင်းအလိုက် အသွားအလာမိုင်တ်ိုင်များ (Log Book) ကိုကားမောင်းသူ/ ဆိုင်ကယ်မောင်းသူများစာရင်းသေချာစွာပြုစုစေရန် ကြီးကြပ်ကွပ်ကဲ စစ်ဆေးပြီး နှင့် ရုံးချုပ်မှ ၎င်းစာရင်းတောင်းသောအခါ အချိန်မှီပေးပို့ရန်။
  • ရုံးတွင်းရှိပစ္စည်းအထားအသိုများကိုသေချာစွာစီမံခန့်ခွဲပြီးမိမိရုံးတွင် သေသပ်ရှင်းလင်းမှု ရှိစေရန် Branch Admin အားညွန်ကြားရန်။
  • ရုံးအပိုင်ပစ္စည်းများပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြီးကြပ်ကွပ်ကဲရန်၊ပျောက်ရှခြင်း ပျက်စီးခြင်းများ ဖြစ်ပေါ်ပါကရုံးချုပ် Admin Manager သို့ အချိန်မှီသတင်းပေးပို့ပြီးရုံးချုပ် Admin Manager ၏ ညွန်ကြားချက်အတိုင်းဆောင်ရွက်ရန်။
  • မိမိရုံး၏ ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းရပ်များ (အိမ်သာပြုပြင်၊ ရေချိုးခန်းပြုပြင်၊ မီးလိုင်း ပြုပြင် ရေးဆိုင်ရာများ) အတွက် ရုံးချုပ် Admin Manager ထံသို့ အကြောင်းကြားပြီးခွင့်ပြုချက် ရယူပြီးမှ ညွန်ကြားချက်အတိုင်းလုပ်ဆောင်ရန်။
  • မိမိရုံးအတွက် လစဉ် ရုံးခွဲ စီမံရေးရာ ဝန်ထမ်းမှ ပြုစုတင်ပြသောလိုအပ်သည့်ပစ္စည်းများ (စာရေးကိရိယာ၊ စာအိတ်၊ ပရိဘောဂ နှင့် လုပ်ငန်းဆောင်ရွက်ရန်လိုအပ်သော အခြားပစ္စည်းများအား) ဝယ်ယူရန်စာရင်းကိုစစ်ဆေးပြီးရုံးချုပ် Admin Department သို့ အချိန်မှီအကြောင်းကြား တောင်းခံရန်။
  • ဝန်ထမ်းရေးရာ စံမံခန့်ခွဲမှု။
  • ဝန်ထမ်းများ၏ ခွင့်ရက်များကိုရုံးချုပ် HR Department သို့ အချိန်မှီသတင်းပို့ရန်။
  • ဝန်ထမ်းများရက်ရှည် ဆက်တိုက် ခွင့်ရက်ယူလျှင် ရုံးချုပ် HR Manager ထံသို့ အစီရင်ခံစာရေးပြီးအချိန်မှီအကြောင်းကြားရန် နှင့် HR Manager မှ တောင်းခံသောစာရွက်စာတမ်းများကိုအချိန်မှီ ပြုစုပေးပို့ရန်။
  • ဝန်ထမ်း နှုတ်ထွက်လျှင် ၎င်းတို့၏ တာဝန်လွှဲပြောင်းပေးမှု အစီအစဉ်များသေချာစွာ ဆောင်ရွက်ရန်။
  • ချေးငွေအရာရှိများနှင့် ရုံးတွင်းဝန်ထမ်း များအားတိကျသေချာစွာလေ့ကျင့် သင်ကြားမှုရရှိစေရန်အတွက် ၎င်းတို့အား သင်တန်းပို့ချခြင်း၊ လမ်းညွှန်သင်ကြားပေးခြင်း၊ အကြံဉာဏ်ပေးခြင်း နှင့် ကြီးကြပ်ကွပ်ကဲခြင်းများ ပြုလုပ်ရန်။
  • ရုံးခွဲတွင် ရုံးတွင်းရုံးပြင်ထိန်းချုပ်ခြင်းများနှင့် ပတ်သက်ပြီးလုပ်ငန်းဆောင်ရွက်ခြင်းများ၊ အစီရင်ခံစာများ၊ စောင့်ကြပ်ကြည့်ရှုခြင်းများ နှင့် အကဲဖြတ်ခြင်းများ၊ သင်တန်းပို့ချခြင်း နှင့် အခြားဆက်စပ်သောကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သောအကြံဉာဏ်များကို ချေးငွေအရာရှိများအားပေးရန်။
  • လုပ်ငန်းလည်ပတ်မှုဆိုင်ရာစီမံခန့်ခွဲမှု။
  • ရုံးခွဲတွင် ချေးငွေလျှောက်လွှာအကဲဖြတ်စစ်ဆေးခြင်းများကို ပြန်လည်စိစစ်ခြင်း နှင့် လိုအပ်ပါကချေးငွေလျှောက်လွှာများကိုလက်ခံအတည်ပြုခြင်း/ မပြုခြင်းများကို ပြုလုပ်ခြင်း၊ Hana ၏ အရည်အသွေးစံနှုန်းများ ပြည့်မီသေချာစေခြင်း၊ ရုံးခွဲ၏ လုပ်ဆောင်ရမည့် အစီအစဉ် သတ်မှတ်ချက်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာညွှန်ကြားချက်များတို့ကိုက်ညီမှုရှိစေခြင်းတို့အတွက် အချိန်နှင့်အမျှဆောင်ရွက်ရန်။
  • လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန် တိကျမှုနှင့် နည်းပညာအရည်အသွေးများတွင် စံချိန်စံညွှန်းမြင့်မားစွာလုပ်ဆောင်ရမည်။
  • အချိန်နှင့်အမျှ ရှိနေသော Hana ၏ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီရှိစေရန် ဆောင်ရွက်ရန်။
  • ဒေသခံအရာရှိများသည် ညွှန်ကြားထားသောအချိန်တွင် ညွှန်ကြားချက်များအတိုင်းစစ်တမ်းကောက်ယူခြင်းများအားတိကျစွာ ပြုလုပ် ခြင်းအားစစ်ဆေးရန်။
  • ငွေချေးသူများ၏ ချေးငွေလက်ခံရရှိမှုနှင့် ချေးငွေအသုံးပြုမှုများကိုအခါအား လျော်စွာအတည်ပြုစစ်ဆေးခြင်း နှင့် ကွင်းဆင်းစစ်ဆေးခြင်းတို့ကိုဆောင်ရွက်ရန်။
  • ပေးဆပ်မှုပျက်ကွက်သောချေးငွေများအားကွင်းဆင်းစစ်ဆေးပြီးရုံးချုပ် Credit Risk Management Department ထံသို့ အစီရင်ခံစာတင်ရန် နှင့် ၎င်း ချေးငွေများအား အချိန်နှင့် တပြေးညီ ကြီးကြပ်ကွပ်ကဲစစ်ဆေးရန်။
  • ချေးငွေယူသူ နှင့် ဝန်ထမ်း အကြားအငြင်းပွားမှုများဖြစ်ပေါ်ပါက ၎င်းအငြင်းပွားမှုကို အသေးစိတ်အစီရင်ခံစာအားရုံးချုပ် သို့ တင်ရန်။
  • လချုပ်အစီရင်ခံစာရေးဆွဲစီမံခန့်ခွဲမှု။
  • ရုံးခွဲရှိစာရင်းကိုင်နှင့် ပူးပေါင်းဆောင်ရွက်၍ ငွေရေးကြေးရေးကြီးကြပ်ရေးဦးစီးဌာနသို့ လစဉ်တင်ပြရမည့် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအကျဉ်းချုပ်များ ပြင်ဆင်ခြင်းများကို ကြီးကြပ်ကွပ်ကဲရန်။
  • မီးခံသေတ္တာထဲရှိငွေသားလက်ကျန်၊ ငွေစာရင်းစာအုပ်ရှိလက်ကျန်တို့နှင့် စစ်ဆေးခြင်း၊ ရုံးခွဲ၏ နေ့စဉ်ဝင်ငွေနှင့် အသုံးစရိတ်၊ ချေးငွေများ နှင့် ရုံးစာရွက်စာတမ်းများမှန်ကန်မှု၊ စာရွက်စာတမ်းပုံစံ (hardcopy) နှင့် softcopy များသုံး၍ ဖိုင်တွဲခြင်းစနစ်များ နှင့် MIS စနစ်အသုံးပြုပုံများအားစစ်ဆေးခြင်းတို့ကိုဆောင်ရွက်ရန်။
  • ရုံးခွဲ၏ ငွေသားစီးဆင်းမှု တွက်ချက်ခြင်းများနှင့် ရန်ကုန်ရုံးချုပ်သို့ တင်ပြရမည့် ငွေကြေးလိုအပ်ချက်များ ပြင်ဆင်မှုများအတွက် ကြီးကြပ်ကွပ်ကဲရန်။
  • ရုံးခွဲ၏ မီးခံသေတ္တာသော့အားကိုင်တွယ်ရန် နှင့် ရုံးခွဲတွင် ငွေသားနှင့် မီးခံသေတ္တာအားသိမ်းဆည်းခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် ရုံးတွင်းထိန်းချုပ်မှုကိုသေချာစေရန်အတွက်ဆောင်ရွက်ရန်။
  • အထွေထွေ။
  • အထက်တွင် ဖော်ပြထားသော တာဝန်နှင့် ဝတ္တရားများအားကူညီဆောင်ရွက်ပေးခြင်းဖြင့် ရုံးခွဲ မန်နေဂျာ(BM) အားအကူအညီပေးရန်။
  • သင်၏ ရာထူးအတိုင်းချမှတ်ထားသည့်တာဝန်များကို ဆောင်ရွက်ရန်နှင့် လိုအပ်ပါကပေးအပ်သော အခြားတာဝန်များကိုလည်း လုပ်ဆောင်ရန်။
  • လုပ်ငန်းဆောင်ရွက်မှု၊ လုပ်ငန်းတိုးတက်မှု၊ စနစ်များနှင့် လုပ်ထုံးလုပ်နည်းများ နှင့် ပတ်သက်၍ ရုံးခွဲ၏ လုပ်ငန်းဆောင်ရွက်မှုများအဆင်ပြေချောမွေ့နေစေရန် လုပ်ဆောင်ရန်။
  • ရုံးခွဲများ၏လုပ်ငန်းဆောင်ရွက်မှုများအကျိုးသက်ရောက်မှု ထိရောက်စွာရရှိစေရန်၊ ရုံးခွဲများတွင် အသင်းအဖွဲ့ပုံစံဖြင့်ဆောင်ရွက်ရန် နှင့် အသင်းအဖွဲ့စိတ်ဓာတ်များရှိစေရန်၊ အထူးသဖြင့် အသုံးစရိတ်များလျှော့ချစေရန်တို့နှင့် ပတ်သက်၍ဆောင်ရွက်ခြင်း။
  • ရုံးခွဲ၏လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင် အချိန်နှင့်အမျှ အကျိုးသက်ရောက်မှုရှိနေသည့် Hana ၏ မူဝါဒများနှင့်လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ဆောင်ရန် နှင့် စောင့်ကြပ်ကြည့်ရှုရန်။
Requirements
  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
  • Microfinance လုပ်ငန်းနှင့် လုပ်ငန်းစဉ်များအား ကောင်းမွန်စွာ သိရှိနားလည်သူဖြစ်ရမည်။
  • Microfinance လုပ်ငန်းတွင် စီမံခန့်ခွဲမှုအတွေ့အကြုံ အနည်းဆုံး (၃)နှစ်ရှိသူဖြစ်ရမည်။
  • Computer ကောင်းမွန်စွာအသုံးပြုနိုင်ရမည်။
  • နေရာဒေသအသီးသီးမှ လူများနှင့် ကောင်းမွန်စွာပေါင်းသင်းဆက်ဆံနိုင်သူဖြစ်ရမည်။
  • လုပ်ငန်းလိုအပ်ချက်အရ လိုအပ်ပါက နေရာဒေသမရွေး ခရီးသွားလာနိုင်သူဖြစ်ရမည်။
Apply for this job
Hana Microfinance