Careers

For brighter opportunities, Join Hana Microfinance!

Home Job Vacancies Job Details
Field Officer
Duties & Responsibilities
  • မိမိတာဝန်ကျသည့်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းလေ့လာရန်နှင့် အသင်းသားများ လက်ခံဆောင်ရွက်သည့် စီမံချက်များကို ကြိုတင်ရေးဆွဲရန်။
  • မြို့နယ်၊ ကျေးရွာများရှိ ဒေသခံများကို မိမိတို့ Company ၏ လုပ်ငန်းစဉ်များ၊ ငွေချေးငွေယူနိုင်မည့် အစီအစဉ်များ၊ မိမိတို့လုပ်ငန်း၏ သဘောသဘာဝများအား ဆွေးနွေး ရှင်းလင်းတင်ပြရန်။
  • လျှောက်ထားလာသော ချေးငွေလျှောက်လွှာများအနက်မှ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသူများကိုသာ စိစစ်ရွေးချယ်လက်ခံပေးရန်။
  • အသင်းသားတစ်ဦးချင်းစီ၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား မှန်ကန်မှုရှိစေရေးဦးစားပေး ဆောင်ရွက်ရန်နှင့် ဖုန်းနံပါတ်များကို Field App ထဲရှိ Phone Book တွင် updated ပြုလုပ်ပေးရန်။
  • အသင်းသားများ၏ ချေးငွေလျှောက်လွှာများနှင့် လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်စေရန် အတွက် စေ့စပ်သေချာစွာ ကြည့်ရှုစစ်ဆေးရန်။
  • ချေးငွေဆိုင်ရာ မူဝါဒအရချေးငွေယူသူ အသင်းသားများ၏ ချေးငွေရယူရန် အရည်အချင်းပြည့်မီမှုကို ဆုံးဖြတ်နိုင်ရန် ၎င်းတို့ နေထိုင်သည့်အိမ်နှင့် စီးပွားရေးလုပ်ငန်းများကို သွားရောက်စစ်ဆေးရန်။
  • အသင်းသားများ၏ မိသားစုဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆိုင်ရာ အချက်အလက်များ စစ်ဆေးရန်။
  • ချေးယူမည့်ငွေများအား ငွေချေးယူသူမှအသုံးပြုမည့် အစီအစဉ်များ၊ ပြန်လည်ပေးဆပ်မည့် အစီအစဉ်များကို စစ်ဆေးတွက်ချက်ရန်။
  • စစ်ဆေးပြီးသော လျှောက်လွှာများကို Risk management team မှတစ်ဆင့် ချေးငွေကော်မတီသို့ တင်ပြရန်နှင့် ခွင့်ပြုမိန့်တောင်းခံရန်။
  • ချေးငွေများအား လုပ်ငန်းတွင် မှန်ကန်တိကျစွာ အသုံးပြုမှု ရှိ၊မရှိကို ကွင်းဆင်းစစ်ဆေးရန်။
  • အသင်းသားများအား ချေးငွေ ပြန်လည်ပေးဆောင်ရမည့်နေ့ မတိုင်မီ ကြိုတင်ဖုန်းခေါ်ဆို၍ အကြောင်းကြားပေးရန်။
  • ငွေကြေးကောက်ခံခြင်းနှင့် သက်ဆိုင်သော အစီအစဉ်များကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်ရန်။
  • ချေးငွေ ပြန်လည်ပေးဆပ်မှုဆိုင်ရာ ပြဿနာများဖြစ်ပွားပါက နောက်ဆက်တွဲ လုပ်ကိုင်ရန်ရှိသည်များကို ချက်ချင်းဆောင်ရွက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို အသိပေး အကြောင်းကြားရန်။
  • ချေးငွေများ ကျေလည်စွာ ပြန်ဆပ်ပြီးသော အသင်းသားများအား နောက်တစ်ကြိမ် ထပ်မံချေးငွေထုတ်ယူနိုင်ရန် ချေးငွေမကျေခင် တစ်လကြိုတင် စီစဉ်ဆောင်ရွက်ပေးရန်။
  • အသင်းသားများကိုယ်တိုင် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြု၍ ချေးငွေပြန်လည်ပေးဆပ်ခြင်း၊ စုဆောင်းငွေ စုဆောင်းခြင်း၊ ချေးငွေ လက်ကျန်ပမာဏ ကြည့်ရှုခြင်းနှင့် စုဆောင်းငွေပမာဏ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် နည်းလမ်းများ ဆောင်ရွက်ပေးရန်။
  • အသင်းသားများအား စုဆောင်းငွေ စုဆောင်းခြင်း၊ ပြန်လည်ထုတ်ပေးခြင်းနှင့် စုဆောင်းငွေအပေါ် ပေးအပ်သော အတိုးနှုန်းများနှင့် ပတ်သက်၍ တိကျရှင်းလင်းစွာ ပြောကြားရန်။
Requirements
  • ပညာအရည်အချင်းအနည်းဆုံး ဆယ်တန်းဖြေဆိုအောင်မြင်ပြီးသူ၊ အသက် (၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။
  • ချေးငွေဝန်ဆောင်မှုပေးသောလုပ်ငန်းအား စိတ်ဝင်စားသူဖြစ်ရမည်။
  • ရိုးသားကြိုးစား၍ သင်ယူလိုစိတ်ရှိသူဖြစ်ပြီး သက်ဆိုင်ရာဒေသတွင်း ကျွမ်းကျင်စွာ လှည့်လည် သွားလာနိုင်သူဖြစ်ရမည်။
  • ခရီးသွားလာနိုင်သူဖြစ်ရမည်။
Apply for this job
Hana Microfinance