(+95) 9-969991119 [email protected]
Women Entrepreneurs in Microfinance and Leveraging Digital Finance for Success

Nov 18, 2018 | News | 0 comments

မြန်မာအမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များ နှင့် စကားဝိုင်း

“ Women Entrepreneurs in Microfinance and Leveraging Digital Finance for Success “ ခေါင်းစဉ်နဲ့ မြန်မာ အမျိုးသမီး လုပ်ငန်းရှင်များစကားဝိုင်းကို ThitsaWorks နဲ့ Hana Microfinance က နိုဝင်ဘာ ၁၇ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အသေးစားငွေချေးလုပ်ငန်း ဝန်ဆောင်မှုတွေကို အသုံးပြုပြီး မိမိတို့ရဲ့ တစ်နိုင်တစ်ပိုင် စီပွားရေးလုပ်ငန်းကို အတိုင်းအတာ တစ်ခုအထိ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေက ကြိုးစားမှုနည်းလမ်းတွေကို မျှဝေပေးသွားမယ့်အပြင် ဘဏ္ဍာရေးကဏ္ဍမှာ ဒီဂျစ်တယ်စနစ်ရဲ့ အရေးပါပုံ၊ အသေးစားငွေချေးလုပ်ငန်းတွေက ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တဲ့ နည်းလမ်းတွေအကြောင်းကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ်ဆိုတာ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ပြီး အကြံဉာဏ်ကောင်းတွေကို အကောင်အထည် ဖော်နိုင်စွမ်းရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို ဂုဏ်ပြုတဲ့ သီတင်းပတ်ဖြစ်ပါတယ်။ နှစ်စဉ် နှစ်တိုင်း နိုဝင်ဘာလမှာ ရက်သတ္တပတ် တစ်ပတ် သတ်မှတ်ပြီး စွန့်ဦးတီထွင်သူတွေအတွက် အကျိုးပြုနိုင်မယ့် ဆွေးနွေးဖလှယ်ပွဲတွေ၊ အလုပ်ရုံတွေကို နိုင်ငံအသီးသီးမှာ လုပ်ဆောင်ကြပါတယ်။

ဒီဆွေးနွေးပွဲစကားဝိုင်းကိုတော့ နိုင်ဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး “ Women Entrepreneurs in Microfinance and Leveraging Digital Finance for Success “ ခေါင်းစဉ်နဲ့ မြန်မာ အမျိုးသမီး လုပ်ငန်းရှင်တွေရဲ့ စကားဝိုင်းကို ပြန်လည်ထုတ်လွှင့် တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။